၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင်
ပုံစံ(၈)ဖြင့် လေလံအောင်ပြီး ပိတောက် ခွဲသားများအား ပုလဲမြို့မှ စစ်ကိုင်းမြို့သို့
သယ်ယူပို့ဆောင်သည့် (၁၂)ဘီး ကား(၄)စီးမှာ ပုသိမ်- မုံရွာကားလမ်း အတိုင်း ပဒါန်းဘက်မှ
ဥသျှစ်ပင်ဘက်သို့ မောင်းနှင်သွားကြောင်း သတင်းပေးချက်အရ ပုလဲမြို့နယ် သစ်တောဦးစီး အရာရှိ
ဦးနိုင်လင်းနှင့်အဖွဲ့၊ ကံမမြို့နယ်သစ်တောဦးစီးဌာနနေ တောအုပ် ဦးစိုးတင့်၊ ၅၁ နှစ်
နှင့်အဖွဲ့၊ ကြို့ပင် နယ်မြေရဲစခန်းမှူး ရဲအုပ် သက်လင်းဦး ဦးစီး တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့တို့သည်
သက်သေများနှင့်အတူ ပုသိမ်-မုံရွာ ကားလမ်း အတိုင်း လိုက်လံရှာဖွေခဲ့ရာ (၁၂)ဘီး ကား(၄)စီးအား
မိုင်တိုင်အမှတ် ၁၉၃/၃ နှင့် ၁၉၃/၄ ကြားတွင် ရပ်တန့်ထားသည်ကိုတွေ့ရှိရ၍ စစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး၊
ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရတနာပုံရပ်ကွက်နေ ၀င်းလှိုင်ဦး၊ ၄၆ နှစ်၊ မောင်းနှင်သော
6A/6696 Nissan Dissen ဖြူ/ ပြာကြား ရောင်(၁၂)ဘီး ယာဉ်ပေါ်မှ ပိတောက်ခွဲသား/ ဘုတ်ပြား(၅၈)ချောင်း၊
၈.၉၈၂၈ တန်၊ ပဲခူးတိုင်း ဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့နယ်၊ လဲပင်ကျေးရွာနေ စံဝင်းနိုင်၊ ၄၂ နှစ်၊ မောင်းနှင်
သော 3B/1276 Nissan Dissen အစိမ်းရောင် (၁၂)ဘီးယာဉ်ပေါ်မှ ပိတောက်ခွဲသား/ ဘုတ်ပြား (၆၇)ချောင်း၊
၉.၀၀၇၆ တန်၊ မကွေးမြို့နယ်၊ အောင်စေတနာ ရပ်ကွက်နေ မျိုးဝင်းထိုက်၊ ၃၄ နှစ်၊ မောင်းနှင်သော
7B/2369 UD Counter အဖြူရောင်(၁၂)ဘီး ယာဉ်ပေါ်မှ ပိတောက်ခွဲသား /ဘုတ်ပြား(၆၁)ချောင်း၊
၁၀.၇၉၅၆ တန်၊ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင် မြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ
သူရဌေး၊ ၂၃ နှစ်၊ မောင်းနှင်သော 2B/9037 Nissan Dissen အစိမ်းရောင် (၁၂)ဘီး ယာဉ်ပေါ်မှ
ပိတောက်ခွဲသား/ဘုတ်ပြား(၅၂)ချောင်း၊ ၈.၉၈၇၄ တန်၊ စုစုပေါင်း ပိတောက်ခွဲသား/ ဘုတ်ပြား (၂၃၈)ချောင်း၊
၃၇.၇၇၃၄ တန်၊ တန်ဖိုး ၃၃၉၉၆၀၆၀ိ/- အား သယ်ဆောင်လာကြောင်း
တွေ့ရှိရသဖြင့် သယ်ဆောင် ခွင့်မျှောအားစစ်ဆေးရာ ပုလဲမြို့မှ စစ်ကိုင်းမြို့ သို့
တရားဝင်သယ်ဆောင်ခွင့်အား ပခုက္ကူမြို့၊ အမှတ်(၅)ရပ်ကွက်နေ ဦးမောင်မောင်လွင်၏ အမည် ဖြင့်
ခွင့်ပြုထားသော်လည်း ကံမမြို့နယ်အတွင်းသို့ ရောက်ရှိနေ၍ မြို့နယ်ကျော် သယ်ဆောင်လာ ခြင်း
ဖြစ်ကြောင်း တွေ့ရှိရသဖြင့် မျှောစာတွင် ဖော်ပြထားသော ခရီးလမ်းဆုံးမှ တစ်ပါးအခြား ဒေသသို့
သယ်ယူရွေ့ပြောင်းခြင်း ပြုလုပ်ခဲ့ကြောင်းတွေ့ရှိရ၍ ၀င်းလှိုင်ဦး ပါ(၅)ဦး။အား ကံမမြို့နယ်၊ ကြို့ပင် နယ်မြေရဲစခန်း (ပ)၂၁/၂၀၁၈၊
သစ်တောဥပဒေပုဒ်မ ၃၉(ခ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Monday, October 15, 2018
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment