ဂန့်ဂေါမြို့တွင် မြို့နယ်သံဃာ့နာရကဥက္ကဌ၏ မွေးနေ့ဂုဏ်ပြု ကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်း ပြုလုပ်မှု သတင်း
မကွေး အောက်တိုဘာလ ၁၈ ရက်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၇ နာရီမှ ၈ နာရီခွဲအချိန်အထိ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ မြို့နယ်သံဃာ့နာယက ဥက္ကဌ မြို့ခင်းသာတောင်ကျောင်းဆရာတော် ဘဒ္ဒန္တ ဥူးစဋိလ၏ သက်တော် (၇၁)နှစ်ပြည့် ကျရောက်သည့်မွေးနေ့အား ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ဂန့်ဂေါခရိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး အောင်မင်းလွင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုဦးစီးမှူး ရဲရင့်ကျော် ဦးစီးမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်(၄)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး များနှင့် ပြည်သူများ စုပေါင်း၍ ဂန့်ဂေါမြို့နယ်၊ အမှတ်(၁) ရပ်ကွက်အတွင်းရှိ သာသနာ့ ဗိမ္မာန်တော်ကြီးတွင် စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment