မကွေး အောက်တိုဘာလ ၁၃ ရက်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင်
မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ရဲနိုင်မြင့်ပါ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ
သတင်းအရ ကိုးပင် သစ်တော ဘိနယ်ရုံးရှေ့တွင် ကိုးပင်ဘက်မှ မကွေးမြို့ဘက်သို့ ယာဉ်မောင်း
ဆင်ပေါင်ဝဲမြို့နယ်၊ ဓနုံးမြောင်ကျေးရွာနေ ရဲလေး(ခ)ရဲမင်းထွန်း၊ ၂၆ နှစ် မောင်းနှင်ပြီး
တစ်ရွာတည်းနေ အောင်မျိုးဇော်၊ ၂၅ နှစ် လိုက်ပါလာသော MDY 7E/ 5362 AUTO – LIFAN အနီရောင်(၆)ဘီးယာဉ်အား
ရပ်တန့် စစ်ဆေးရာ ရပ်တန့်ခြင်းမရှိဘဲ ထွက်ပြေးမောင်းနှင်သွားသဖြင့် လိုက်လံဖမ်းဆီးရာ
ကိုးပင်-သစ်ရာ ကောက်သွား ကားလမ်း မိုင်တိုင်အမှတ် (၀/၅) နှင့် (၀/၆) အကြားတွင် ဖမ်းဆီးရမိပြီး
စစ်ဆေးနေစဉ် အောင်မျိုးဇော်မှာ ထွက်ပြေးသွားခဲ့ပြီး ရဲလေး(ခ)ရဲမင်းထွန်းအား ယာဉ်ပေါ်တွင်
တင်ဆောင် လာသော တရားမ၀င် ကျွန်းသစ်ခွဲသား (၆၀၁) ချောင်း၊ (၄.၆၈၂၆)တန်၊ တန်ဘိုး (၂၂၄၇၆၄၈)ကျပ်
တို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့သဖြင့် တရားမ၀င် ကျွန်းသစ်ခွဲသားများ သယ်ဆောင်လာသူ ရဲလေး(ခ) ရဲမင်းထွန်းနှင့် အောင်မျိုးဇော် တို့အား ဆင်ပေါင်ဝဲမြို့နယ်၊
ကိုးပင်နယ်မြေရဲစခန်း (ပ) ၅၅/ ၂၀၁၈၊ သစ်တောဥပဒေပုဒ်မ ၄၃(က) အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိ ပါသည်။
0 comments:
Post a Comment