Sunday, October 14, 2018


မကွေး အောက်တိုဘာလ ၁၃ ရက်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် နတ်မောက်မြို့နယ်၊ ဆည်လည် ရဲကင်းစခန်းမှူး ဒုရဲအုပ် လဇွမ်ဒွဲအောင်ဆန်းနှင့်အဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့် အတူ မျှော်တောင်တဲတိုက်ရှိ ဇရပ်အတွင်း၌ လူတစ်ဦးအား မသင်္ကာဖွယ်ရာ တွေ့ရှိ ရ၍  စစ်ဆေးမေးမြန်း ရာ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ မြို့သစ်မြို့နယ်၊ မယ်ဇလီပင် ကျေးရွာအုပ်စု၊ ငှက်ပျောတော တဲတိုက်နေ စိုးစိုး၊ ၃၇ နှစ် ဖြစ်ပြီး ၎င်းလွယ်ထားသော ၀ါ/ ပြာ/ စိမ်း ရောင် အစင်းကြားများပါရှိသော လွယ်အိတ်အတွင်းမှ (၅)လက်မ x (၇)လက်မ အရွယ်ရှိ ဘိန်းမဲများ ကပ်နေသည်ဟု ယူဆရသော ပလပ် စတစ်အကြည်(၁)ခု၊ (၈)လက်မခွဲx(၁၀)လက်မခန့်ရှိ ဘိန်း မဲများကပ်နေသည်ဟု ယူဆရသောပလပ်စတစ် အကြည်(၁)ခု၊ (၂)လက်မx(၃)လက်မအရွယ်ရှိ ဘိန်းမဲများကပ်နေသည်ဟုယူဆရသော ပလပ်စတစ် အကြည်(၁)ခု၊ (၆)လက်မခွဲx(၉)လက်မ အရွယ် ရှိ ဆာလာအိတ်ငယ်(၁)ခု၊ အနက်ရောင် ကြွပ်ကြွပ် အိတ်ဖြင့် ထည့်ထားသောဘိန်းမဲဟု ယူဆရသော ဘိန်းမဲ(၄၅)ကျပ်သားခန့် (၇၃၄.၈၅)ဂရမ်ခန့် တန်ဘိုး (၆၂၄၆၂၂) ကျပ်ခန့်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် စိုးစိုး အား နတ်မောက်မြို့နယ်၊ စိုင်ကောင်း နယ်မြေရဲစခန်း မယ(ပ)၂/၂၀၁၈၊ မူး/စိတ် ပုဒ်မ ၁၉(က) အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။ 


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video