၂၀၁၈
ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအချိန်အထိ ထီလင်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ထီလင်းမြို့နယ်၊ ကျင်းနယ်မြေရဲစခန်းမှ
ဒုရဲအုပ် ခိုင်ဇော် ဦးစီး တပ်ဖွဲ့ဝင်(၁+၂)ဦးတို့မှ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ
ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟောပြောပွဲသို့
အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး
ဦးနန်းထန်းနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ စုစုပေါင်းအင်အား (၁၂၀)ဦးခန့်
တက်ရောက်ခဲ့ပြီး ဒုရဲအုပ် ခိုင်ဇော်မှ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊
လူမှောင်ခို လူကုန်ကူးမှုများ မခံရစေရေး၊ အသက်မပြည့်သေးသည့် ကျောင်းသား/သူများ အား ဆိုင်ကယ်စီးနင်းမှု
မရှိစေရေး၊ မကြာမီရောက်ရှိတော့မည့် သီတင်းကျွတ်/ တန်ဆောင်တိုင် ကာလများတွင် ဗျောက်အိုး/
မီးရှူး/ မီးပန်းနှင့် ရှူးဒိုင်းများ ပစ်ဖောက်ဆော့ကစားခြင်း မပြုလုပ်ကြရန် အသိပညာပေးဟောပြောခြင်းများ
ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။
0 comments:
Post a Comment