မကွေး စင်တင်ဘာလ ၁ ရက်
၂၀၁၈ ခုနှစ်၊ စင်တင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန်တွင် မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူ ဌာနစိတ်မှ ရဲအုပ် ထွန်းထွန်းဦး၊ ဒုရဲအုပ် အေးနိုင်၊ ရဲတပ်ကြပ်ကြီး နေမျိုးထွန်း၊ ရဲတပ်ကြပ် သန်းဇော်ဦး၊ ပခုက္ကူခရိုင်၊ မှုခင်းအကူဌာနစိတ်မှ ရဲအုပ် မျိုးလွင်၊ ပေါက်မြို့ နယ်၊ ရေပြာနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲတပ်သား ဇော်နိုင်ထွန်းနှင့်အဖွဲ့ သည် နှစ်လုံးထီလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေ မကွေးမြို့၊ ရန်ဝေးရပ်ကွက်၊ ဆယ်အိမ်မှူး ဦးလှိုင်ဇေယျာနှင့် သက်သေ မကွေးမြို့၊ ရန်ဝေးရပ်ကွက်၊ ဦးဌေးဝင်း၊ ပေါက်မြို့နယ်၊ ပျဉ်ချောင်းကျေးရွာရေးမှူး ဦးဇော်မင်း၊ ပခုက္ကူ မြို့၊ အမှတ်(၉)ရပ်ကွက်၊ ရာအိမ်မှူး ဦးစိန်ခိုတို့နှင့် အတူ ပေါက်မြို့နယ်၊ အောက်ကျင်းကျေးရွာ အ၀င်လမ်းမပေါ်တွင် ပေါက်မြို့နယ်၊ ဆူးလေကုန်း အုပ်စု၊ ဆူးလေကုန်းကျေးရွာနေ ဦးဇော်လွင်၊ ၅၁ နှစ်၊ (ဖ) ဦးအောင်ဆန်း တစ်ဦးတည်းမောင်းနှင် လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဦးဇော်လွင် ကိုယ်ခန္ဓာပေါ်တွင် သုံးလုံးထီ(ချဲထီ) လောင်းကစားပြုလုပ်ရာ တွင် အသုံးပြုသော စာရွက်စာတမ်း ဆက်စပ်ပစ္စည်းများ၊ NOKIA စာတမ်းပါ အနက်ရောင် ဖုန်း(၁)လုံး၊ နန်းမြင့် စာတမ်းပါ အပြာ/ အဖြူပြောက်ကြား ချည်လွတ်အိတ်(၁)လုံး၊ သုံးလုံးထီ(ချဲထီ) လောင်းကစားရာတွင် အသုံးပြုသော ကာဗွန်ဖြတ်ပိုင်းငယ်(၁)ရွက်၊ အပြာရောင် ဘောပင် (၁) ချောင်း၊၃၁ယ/၈၃၉၅၂ နံပါတ်ပြား တပ်ဆင်ထားသော FEILINE 110 အစိမ်းရောင် ဆိုင်ကယ်(၁)စီး၊ လောင်းကြေးငွေစက္ကူရောရာ ၁၀၆၃၀၀ိ/-တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိ သဖြင့် ဦးဇော်လွင်အား ပေါက်မြို့နယ်၊ ရေပြာနယ်မြေ ရဲစခန်း(ပ)၇၈/၂၀၁၈၊ လောင်းကစားဥပဒေ ပုဒ်မ ၁၅(က)/ ၁၆(က)အရ အရေးယူဆောင်ရွက် လျှက်ရှိပါသည်။
0 comments:
Post a Comment