မကွေး စင်တင်ဘာလ ၁ ရက်
၂၀၁၈ ခုနှစ်၊ စင်တင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစိတ်မှ ရဲအုပ် ထွန်းထွန်းဦး၊ ဒုရဲအုပ် အေးနိုင်၊ ရဲတပ်ကြပ်ကြီး နေမျိုးထွန်း၊ ရဲတပ်ကြပ် သန်းဇော်ဦး၊ ပခုက္ကူခရိုင်၊ မှုခင်းအကူဌာနစိတ်မှ ရဲအုပ် မျိုးလွင်၊ ပေါက် မြို့နယ်၊ ရေပြာနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲတပ်သား ဇော်နိုင်ထွန်း နှင့်အဖွဲ့သည် နှစ်လုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေ မကွေးမြို့၊ ရန်ဝေးရပ်ကွက်၊ ဆယ်အိမ်မှူး ဦးလှိုင်ဇေယျာနှင့် သက်သေ မကွေးမြို့၊ ရန်ဝေးရပ်ကွက်၊ ဦးဌေးဝင်း၊ ပေါက်မြို့နယ်၊ ပျဉ်ချောင်းကျေးရွာရေးမှူး ဦးဇော်မင်း၊ ပခုက္ကူမြို့၊ အမှတ်(၉)ရပ်ကွက်၊ ရာအိမ်မှူး ဦးစိန်ခိုတို့နှင့် အတူ ပေါက်မြို့နယ်၊ အောက်ကျင်းကျေးရွာအတွင်းရှိ ရေစင်အနီးလမ်းမပေါ်တွင် ပေါက်မြို့ နယ်၊ ဆူးလေကုန်းအုပ်စု၊ ဆူးလေကုန်းကျေးရွာနေ ဦးညိုအောင်(ခ) လှကောင်း၊ ၄၁ နှစ်၊ (ဖ) ဦးပွ တစ်ဦးတည်းမောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဦးညိုအောင်(ခ)လှကောင်း၊ ကိုယ်ခန္ဓာပေါ်တွင် သုံးလုံးထီ(ချဲထီ) လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသော စာရွက်စာတမ်း ဆက်စပ်ပစ္စည်းများ၊ ၀၉-၆၉၆၁၆၂၃၇၅ ဆင်းကဒ်ပါ VIVO အမျိုးအစား အနက်ရောင် ဖုန်း(၁)လုံး၊ Happy စာတမ်းပါ အစိမ်းရောင် ပလပ်စတစ်အိတ်(၁)လုံး၊ သုံးလုံးထီ(ချဲထီ) လောင်းကစားရာတွင် အသုံးပြုသော ကာဗွန်ဖြတ်ပိုင်းငယ်(၁)ရွက်၊ အပြာရောင်နှင့် အဖြူရောင်ကြား ဘောပင် (၁) ချောင်း၊ ၄၁ယ/၆၂၇၆၃ နံပါတ်ပြား တပ်ဆင်ထားသော LUOJIA 110 အစိမ်းရောင် ဆိုင်ကယ် (၁)စီး၊ လောင်းကြေးငွေစက္ကူရောရာ ၉၈၂၀၀ိ/-တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိ သဖြင့် ဦးဇော်လွင်အား ပေါက်မြို့နယ်၊ ရေပြာနယ်မြေ ရဲစခန်း(ပ)၇၈/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အရေးယူဆောင်ရွက်လျှက်ရှိပါသည်။
0 comments:
Post a Comment