Sunday, September 2, 2018



မကွေး စက်တင်ဘာလ ၂  ရက်
     ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ နံနက်  ၀၉၄၅ နာရီအချိန်တွင် မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် လူသတ်မှု၊ မုဒိမ်းမှုများ၊ ခိုး/ ဆိုး/ လု/နှိုက်မှုများ လျော့နည်းပပျောက်ရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတို့အတွက် (လင်းယုန်စစ်ဆင်ရေး)တွင် ပါဝင်ဆောင်ရွက်မည့် တပ်ဖွဲ့ဝင် များအား လမ်းညွှန်မှာကြားမှု အခမ်းအနားပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော်၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်း၊ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယရဲမှူးကြီး တင်မိုး၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွန်းနှင့် လင်းယုန်စစ်ဆင်ရေးတွင် ပါဝင်ဆောင်ရွက် မည့် တပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော်မှ ပါဝင်ဆောင်ရွက်မည့် တပ်ဖွဲ့ဝင်များအား ကိုယ်စီတာဝန်များချပြ ရှင်းလင်းခြင်း၊ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ မဖြစ်ပွားစေရေး အထူးကြပ်မတ် ဆောင်ရွက်သွားရန်နှင့် ရဲတပ်ဖွဲ့ပုံရိပ်ကို မထိခိုက်စေဘဲ အောင်မြင်စွာ အကောင်ထည်ဖော် ဆောင်ရွက်ကြရန်၊လုပ်ငန်း ဆောင်ရွက်ရာတွင် ဆောင်ရန်/ ရှောင်ရန်များအား လမ်းညွှန် မှာကြားပြီး ၁၀၁၀ အချိန် အခမ်းအနား ပြီးဆုံးကြောင်း သတင်းရရှိပါသည်။ 











0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video