Monday, September 3, 2018



မကွေး စက်တင်ဘာလ ၃  ရက်
        ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ နေ့လည် ၁ နာရီ ၅၅ မိနစ်အချိန်တွင်  မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်းမှ ဒုရဲအုပ် နေအောင်ဦးနှင့်အဖွဲ့သည် သက်သေများနှင့်အတူဖဲရိုက် လောင်း ကစားပြု လုပ်နေကြောင်းသတင်းအရ  ဖောင်အိုင်ရေနံမှော်ရှိ လူမနေသည့်တဲပျက်သို့  ၀င်ရောက်ဖမ်းဆီးရာ တဲပေါ်တွင်ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ဆည်ကြီးကျေးရွာနေ မောင်စောင်း (ခ) ဖိုးစောင်း၊ ၄၀ နှစ်၊ (ဖ)ဦးအုန်းမောင်၊ မင်းလှမြို့နယ်၊  ကျောက်ပုံကျေးရွာနေ သန်းဇော်ကို၊ ၃၁ နှစ်၊ (ဖ) ဦးမော့ဒင် နှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ကျွန်းကြီးကျေးရွာနေ ၀င်းထွန်း၊ ၃၅နှစ်၊ (ဖ) ဦးစိန်ဝင်းတို့(၃) ဦးအား ဖဲရိုက်လောင်းကစားနေသည်ကို တွေ့ရှိရပြီး AAA တံဆိပ်ပါ အစိမ်းရောင် ဖဲချပ်(၁၀၈)ချပ်နှင့် ဖဲရိုက်လောင်း ကစားရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေစက္ကူရောရာ ၆၅၀၀၀ိ/- တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် မောင်စောင်း(ခ)ဖိုးစောင်းပါ (၃)ဦးအား မင်းလှမြို့နယ်၊ ရေနံမနယ်မြေ ရဲစခန်း (ပ) ၃၀/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က) အရအမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video