Monday, September 3, 2018



မကွေး စက်တင်ဘာလ ၃  ရက်
        ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန်တွင် ဆော မြို့နယ်၊ မြို့မရဲစခန်းမှ ဒုရဲအုပ် ၀င်းဦးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ ဆောမြို့ပေါ်ရပ်ကွက်များ အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် သီရိရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဒက္ခိဏာရာမဘုန်းတော်ကြီး ကျောင်းရှေ့တွင် ဆောမြို့နယ်၊ ဇေယျာရပ်ကွက်နေ တင်ဇော်ထွန်း၊ ၂၃နှစ်၊ (ဖ)ဦးဒေါင်းညို နှင့် ၎င်း ၏ညီဖြစ်သူ ကျော်ဝင်းထွဋ်(ခ) ရဲသွေး၊ ၁၈နှစ်၊ (ဖ)ဦးဒေါင်းညိုတို့(၂)ဦးအား မသင်္ကာဖွယ် စစ်ဆေး ရာ မီးခိုးရောင် လွယ်အိတ်အဟောင်းအတွင်းမှ ခိုးယူရာတွင်အသုံးပြုသော ပလာယာ(၁)ခု၊ လီဗာတံ (၂)ခု၊ ဂွင်းဂွ(၂)ခု၊ နဖူးစည်း ဓါတ်မီးဟောင်း(၁)လက်၊ ဆာလာအိတ်အခွံ(၁)လုံးအားတွေ့ရှိရ၍ ရဲစခန်းသို့ခေါ်ဆောင်၍ စစ်မေးရာ ၎င်းင်းတို့(၂)ဦးသည် လွန်ခဲ့သော(၁)လကျော်ခန့်က သီရိ ရပ်ကွက်၊ ရွှေဘုံသာဘုရားအနီး လမ်းကြား၌ရပ်ထားသော လိုက်ထရပ်ယာဉ်မှ GS N70L တံဆိပ်ပါ ဘက်ထရီ(၄)လုံးအား ခိုးယူ၍ ဆောမြို့နယ်၊ သီးကုန်းကျေးရွာနေ ဦးလှမောင်ထံ ၂၀၀၀၀ိ/-ဖြင့် ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ အဆိုပါပစ္စည်းများအား ပြန်လည်သိမ်းဆည်းရမိ ခဲ့သော ကြောင့် တင်ဇော်ထွန်းနှင့် ကျော်ဝင်းထွဋ် (ခ)ရဲသွေးတို့(၂)ဦးအား ဆောမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၀၆/ ၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉/ကျင့် ၅၄ အရအမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video