Monday, September 3, 2018



မကွေး စက်တင်ဘာလ ၃  ရက်
       ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင်  ဆောမြို့နယ်၊ မြို့မရဲစခန်းမှ ဒုရဲအုပ် ၀င်းဦးနှင့်အဖွဲ့၊ ဒုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မိုး တို့သည် သက်သေများနှင့်အတူ ဆောမြို့၊ သီရိရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဆောမြို့နယ်၊ သီရိ ရပ်ကွက်နေ ဒေါ်တင်ပို၊ ၅၅နှစ်၊ (ဖ)ဦးအောင်ခန့်၏ FL-9 လိုင်စင်ဖြင့်ရောင်းချခွင့်ရ ချမ်းချမ်း ဘီယာဆိုင်အား လိုင်စင်ပါ စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိသည့် အခြားအရက်များ ထားရှိရောင်းချကြောင်း သတင်းအရ ၀င်ရောက်ရှာဖွေရာ ရွှေတံဆိပ်ပါ သံပုရာအရက် ပုလင်း(၁၃)လုံး၊ Kaung Kyi တံဆိပ် ပါ ချိတ်ပိတ် ကောက်ညှင်းအရက် ပုလင်း(၁)လုံး၊ Grand Royal  တံဆိပ်ပါ အရက်ပုလင်း (၄) လုံး(၁)ပိုင်း၊ Hich Class တံဆိပ်ပါ အရက်ပုလင်း (၁) လုံး၊ စုစုပေါင်းတန်ဖိုး ၂၅၂၀၀ိ/-တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ဒေါ်တင်ပိုအား ဆော မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၀၈/၂၀၁၈၊ ယစ်မျိုး ဥပဒေ ပုဒ်မ ၄၁(ဂ) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video