မကွေး
စက်တင်ဘာလ ၃ ရက်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မကွေးခရိုင်နယ်မြေအတွင်း
ခိုး/ဆိုး/လု/နှိုက် လျော့နည်း ပပျောက်ရေး အထူးစီမံချက်(လင်းယုန်စစ်ဆင်ရေး)အရ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ၁၂၀၀ နာရီအချိန်
မကွေးမြို့၊ အောင်စေတနာ (စီ)ရပ်ကွက်၊ တောင်တွင်းကြီးလမ်းရှိ ပညာရေး ကောလိပ်(မကွေး)တွင်
UD Counter မှုခင်းအသိပညာပေးပြခန်းယာဉ်ဖြင့်
သက်ငယ်မုဒိမ်းမှု ပပျောက်ရေး၊ မှုခင်းကျဆင်းရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်
ယာဉ်/လမ်းစည်းကမ်း အန္တရာယ်အသိပညာပေးဆွေးနွေးဟောပြော ပွဲ ကျင်းပပြုလုပ်ခဲ့ရာ
အခမ်းအနားသို့ မကွေးမြို့နယ်မှူး ရဲမှူး ငွေတင်၊ အမှတ်(၂)မူးယစ်တပ်ဖွဲ့စု (မကွေး) မှ
ရဲမှူး သန့်ဇော် ၊ အမှတ်(၂)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (မကွေး)မှ
ရဲမှူး ကံဝင်း၊ အမှတ်(၄) ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူး
ထွန်းလှအောင်နှင့် ပညာရေးကောလိပ်(မကွေး)မှ ဆရာ/မများ ပညာရေးကောလိပ်လေ့ကျင့်ရေး
ကျောင်းသား/သူ (၄၉၀)ဦး အပါအ၀င် စုစုပေါင်းအင်အား (၅၅၀)ဦး တက်ရောက်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင်
မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငွေတင်မှ သက်ငယ်မုဒိမ်းမှု ပပျောက်ရေး၊ မှုခင်း ကျဆင်းရေးအသိပညာပေးဟောပြောခြင်း၊
အမှတ်(၄)ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူး ထွန်းလှအောင်မှ
ယာဉ်လမ်းစည်းကမ်းအသိပညာပေး ဆွေးနွေးဟောပြောခြင်း၊ အမှတ်(၂) လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(မကွေး)မှ
ရဲမှူး ကံဝင်းမှ လူကုန်ကူးမှုတားဆီးကာကွယ် ရေး အသိ ပညာပေးဆွေးနွေးဟောပြောခြင်း၊ အမှတ်(၂)
မူးယစ် တပ်ဖွဲ့စု(မကွေး)မှ ရဲမှူး သန့်ဇော်မှ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး
အသိပညာပေး ဟောပြောခြင်း၊ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မကွေး နယ်မြေရဲစခန်းတို့မှ
ရဲတပ်ဖွဲ့ဝင်များသည် သက်ငယ်မုဒိမ်းမှု မဖြစ်ပွါးစေရေး အတွက် အုပ်ထိန်းသူ မိဘများနှင့်
ကလေးသူငယ်များလိုက်နာ ဆောင်ရွက်ရမည့်အချက်အလက် လက်ကမ်း စာစောင်(၃၀၀)စောင်၊ မှုခင်းကြိုတင်ကာကွယ်ရေး
အသိပညာပေးလက်ကမ်းစာစောင် (၂၅၀)တို့အား ဖြန့်ဝေပေးခဲ့ပြီး ၁၄၀၀
အချိန်အခမ်းအနားပြီးဆုံးခဲ့ ကြောင်းသတင်းရရှိပါသည်။
0 comments:
Post a Comment