မကွေး
စက်တင်ဘာလ ၄ ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် တောင်တွင်းကြီး မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်
မိုးလွင်နှင့် အဖွဲ့သည် သက်သေရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူ လင်းယုန်စီမံချက်အရ တောင်တွင်းကြီးမြို့ဝင် အနောက်ဂိတ်အနီး တောင်တွင်း-မကွေးကားလမ်းပေါ်တွင် မှုခင်းကျဆင်းရေးအတွက် ပိတ်ဆို့ရှာဖွေ စစ်ဆေးဆောင်ရွက်နေစဉ် တောင်တွင်းကြီးမြို့နယ်၊ ဆည်ရုံးကွက်သစ်၊ ရွှေကြာအင်း(၁)
ရပ် ကွက်နေ ကျော်ဇင်၊ ၃၀ နှစ်၊ (ဖ)ဦးသံချောင်း
မောင်းနှင်လာသော ၁၉ယ/၅၅၈၉၉ Wave Nano 125 အနက်ရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်
Tool Box အတွင်းမှ အရိုးအသွား(၁၀)လက်မခန့် သံရိုးတပ်(၃)မြှောင်ပုံ
စကေဘာ(၁) ချောင်းအား တွေ့ရှိသိမ်းဆည်း ရမိသဖြင့် ကျော်ဇင်အား တောင်တွင်းကြီးမြို့နယ်၊
မြို့မရဲစခန်း (ပ) ၂၈၃/၂၀၁၈၊ လက်နက်ပုဒ်မ ၁၉(င) အရ
အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိပါသည်။
0 comments:
Post a Comment