မကွေး
စက်တင်ဘာလ ၄ ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် တောင်တွင်းကြီးမြို့နယ်
ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် မိုးလွင်နှင့်အဖွဲ့သည် သက်သေရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊
မီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူ လင်းယုန်စီမံချက်အရ
တောင်တွင်းကြီးမြို့ဝင် အနောက်ဂိတ် အနီး တောင်တွင်း-မကွေးကားလမ်းပေါ်တွင် မှုခင်းကျဆင်းရေးအတွက်
ပိတ်ဆို့ရှာဖွေ စစ်ဆေးဆောင် ရွက်နေစဉ် တောင်တွင်းကြီးမြို့နယ်၊ ချောင်းနက်အရှေ့စုကျေးရွာနေ မျိုးမင်းစိုး၊ ၂၄ နှစ်၊
(ဖ) ဦးမြင့်ဝေ မောင်းနှင်လာသော ၄၉ယ/ ၉၈၃၇၂လော့ဂျာ ၁၁၀ အနက် ရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ
ဆိုင်ကယ် Tool Box
အတွင်းမှ သားရေမျော့ကြိုး တပ်ဆင်ထားသော လေးခွ(၁)လက်၊ စတီးလက်ကိုင်ရိုးတပ် စစ်စိမ်းရောင်ဓါးအိမ်ပါ အရိုး အသွား(၈)လက်မခန့် စတီးဓါးဦးချွန်တို့အားတွေ့ရှိသိမ်းဆည်းရမိသဖြင့်
မျိုးမင်းစိုးအား တောင်တွင်းကြီးမြို့နယ်၊ မြို့မ ရဲစခန်း(ပ)၂၈၄/၂၀၁၈၊ လက်နက်ပုဒ်မ ၁၉(င)
အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိပါသည်။
0 comments:
Post a Comment