Tuesday, September 4, 2018



မကွေး စက်တင်ဘာလ ၄  ရက်
     ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် တောင်တွင်းကြီး မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် မိုးလွင်နှင့် အဖွဲ့သည် သက်သေရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူ  လင်းယုန်စီမံချက်အရ တောင်တွင်းကြီးမြို့ဝင် အနောက်ဂိတ် အနီး တောင်တွင်း-မကွေးကားလမ်းပေါ်တွင် မှုခင်းကျဆင်းရေးအတွက် ပိတ်ဆို့ရှာဖွေစစ် ဆေးဆောင် ရွက်နေစဉ်  တောင်တွင်းကြီးမြို့နယ်၊  သဖန်းကုန်း ကျေးရွာနေ ရဲမင်းထွဋ်၊ ၃၉ နှစ်၊ (ဖ) ဦးဝင်းကြည် မောင်းနှင်လာသော ၆၂ယ/၂၇၆၆၅ SHAYAN 125 အနက်ရောင် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ် Tool Box အတွင်းမှ  အရိုးအသွား(၁၀) လက်မခန့် သံရိုးတပ် (၃)မြှောင်ပုံ စကေဘာ(၁)ချောင်းအား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ရဲမင်းထွဋ်အား တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်း (ပ) ၂၈၅/ ၂၀၁၈၊ လက်နက်ပုဒ်မ ၁၉(င) အရ အမှုဖွင့်အရေးယူဆောင်ရွက် လျှက်ရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video