မကွေး
စက်တင်ဘာလ ၄ ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ည ၇ နာရီအချိန်တွင် မကွေးခရိုင်လုံခြုံရေး တပ်ခွဲမှ ဒုရဲအုပ် ထိန်လင်းမောင်နှင့်အဖွဲ့သည်
မကွေးမြို့၊ အောင်ဇေယျာ (အထူး) ရပ်ကွက်၊ မကွေး -တောင်တွင်းကြီး ကားလမ်းတွင် သက်သေရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ် တပ်ဖွဲ့ဝင် များနှင့်အတူ
လင်းယုန်စီမံချက်အရ မှုခင်းကျဆင်းရေးအတွက် ပိတ်ဆို့ရှာဖွေ စစ်ဆေးဆောင် ရွက်နေစဉ် မကွေးမြို့နယ်၊ အောင်ဇေယျာရပ်ကွက်နေ ကျော်ကျော် (ခ) ကျော်ကြီး ၂၈
နှစ်၊ (ဖ) ဦးတင်ထွန်း မောင်းနှင်လာသော ၁ဟ/၅၀၁၂ အပြာရောင် သုံးဘီး ယာဉ်အား ရပ်တန့်စစ်ဆေးရာ
သုံးဘီးဆိုင်ကယ်ပေါ်တွင် ၀ါးရိုးတပ်အရိုး(၈)လက်မ၊ အသွား (၁)ပေ(၈)လက်မခန့်၊ ဗျက်(၁) လက်မခန့်ရှိ
ဓါးဦးချွန်ဓါးရှည်(၁) ချောင်းအားတွေ့ရှိ သိမ်းဆည်းရမိ၍ ကျော်ကျော် (ခ)ကျော်ကြီး အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း
(ပ) ၄၀၁/၂၀၁၈၊ လက်နက်ပုဒ်မ ၁၉(င) အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment