Tuesday, September 4, 2018



မကွေး စက်တင်ဘာလ ၄  ရက်
       ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ည ၁၉၃၀ နာရီအချိန်မှ၂၃၀၀ အချိန်ထိ ညဉ့်ဦး လှည့်ကင်း အား သရက်မြို့မရဲစခန်းမှ ရဲဒုတက သိန်းဝင်းပါ တပ်ဖွဲ့ဝင်(၆)ဦးတို့သည်  ပြည်တော်သာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရာဇာဦးပါ(၂)ဦးတို့နှင့်အတူ ရုံးရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ ဇော်ဂျီရပ်ကွက်၊ အကောက်တဲရပ်ကွက်၊ သာယာကုန်းရပ်ကွက်တို့အထိ လည်းကောင်း၊ ညဉ့်နက် လှည့်ကင်းအား ၂၃၀၀ နာရီအချိန်မှ ၀၄၀၀ နာရီအချိန်ထိ သရက်မြို့မရဲစခန်းမှ ရဲတကက သန်းတင့် ပါတပ်ဖွဲ့ဝင်(၅)ဦးတို့သည် အနောက်ရပ်တောင်ပိုင်း အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းပါ (၃)ဦးတို့နှင့် အတူ အောင်မင်းတည်းရပ်၊ ပြည်တော်အေးရပ်ကွက်၊ ဈေးရပ်ကွက်၊ ရုံးရပ်ကွက်၊ ထုံးတောင် ကျေးရွာများအထိ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူလူထုလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိရပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video