မကွေး
စက်တင်ဘာလ ၄ ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ၁၃၃၀
အချိန်တွင် ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဖေ၊
ပခန်းကြီးနယ်မြေရဲစခန်းမှူး ရဲအုပ် ဇင်မင်းထွန်း၊ ပခန်းငယ်ရဲကင်းစန်းမှူး ရဲအုပ်
ဝင်းကို၊ ဆင်မရဲကျေးရွာ (အ.မ.က) အမှတ်(၁၂၀)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး
ဒေါ်ခင်ဆွေဝင်း၊ ဆင်မရဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း တို့နှင့်အတူ
ဆင်မရဲကျေးရွာ (အ.မ.က)အမှတ်(၁၂၀) ကျောင်းရှိ ဆရာ/ဆရာမ (၆)ဦး၊
ကျောင်းသား/ကျောင်းသူ (၇၀)ဦး၊ ကျေးရွာသူ/ကျေးရွာသား (၇၀) ဦး၊ စုစုပေါင်းအင်အား
(၂၀၀)ဦး ခန့်တို့အား ရေစကြိုမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဖေမှ သက်ငယ် မုဒိမ်းမှုပပျောက်ရေးအသိပညာပေး
ဟောပြောခြင်း၊ ပခန်းကြီးနယ်မြေရဲစခန်းမှူး ရဲအုပ် ဇင်မင်းထွန်း မှ
မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း၊ ပခန်းငယ်ရဲကင်း စခန်းမှ
စခန်းမှူး ရဲအုပ် ၀င်းကိုမှ ယာဉ် စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်း၊
လက်ကမ်းစာစောင်(၄၅၀)စောင် ဖြန့်ဝေခြင်း များပြုလုပ်ဆောင်ရွက်ခဲ့ရာ ၁၅၃၀ အချိန်တွင်
ပြီးဆုံးခဲ့ ကြောင်း သတင်းရရှိရပါသည်။





0 comments:
Post a Comment