Saturday, September 1, 2018

မကွေး ၊ စက်တင်ဘာလ ၁
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ ၁၀၀၀ အချိန်မှ ၁၁၀၀ အချိန်အထိ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်း အစည်းအဝေးခန်းမတွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး ညီဝင်း၊ မင်းဘူး (မမစမှူး) ဒုတိယရဲမှူး မြင့်ဇော်၊ အမှတ်(၁) အခြေခံ ပညာအထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးဆယ်ညွှန့်နှင့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ စုစုပေါင်းအင်းအား (၇၀၀) ဦးခန့် အား မင်းဘူး(ခရရမှူး)နှင့် မင်းဘူး (မမစမှူး)မှ သက်ငယ်မုဒိမ်းမှု အဓိပ္ပာယ်နှင့် သက်ငယ်မုဒိမ်း လျော့နည်း ကျဆင်းရေး၊ ကျူးလွန်ခံရခြင်း အကြောင်းအရင်းများ၊ သက်ငယ်မုဒိမ်း မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရန် အချက်များကို Power Point ဖြင့် ရှင်းလင်း ဟောပြောပြီး အသိပညာပေး လက်ကမ်းစာစောင် (၆၈၀) အား ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video