Saturday, September 1, 2018

မကွေး စက်တင်ဘာလ ၁ ရက်
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီအချိန်တွင်၊ ကုက္ကိုကုန်းနယ်မြေ ရဲစခန်းအပိုင်၊ အရှေ့ဘက်(၄)မိုင်ခန့်အကွာ ကုက္ကိုကုန်းကျေးရွာအုပ်စု၊ ညော်မှော်ကျေးရွာ၊ ကျောက်မိချောင်း ချောင်းရေကြီးမှုကြောင့် ကမ်းပါးပြိုကျနေသဖြင့် ချောင်းနံဘေးရှိ လူနေအိမ် (၁၁)လုံး အား ညော်မှော်ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ယာယီပြောင်းရွေ့မှု ကို တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်မောင်ညို ဦးစီး တပ်ဖွဲ့ဝင်(၄+၈)ဦး၊ တောင်တွင်းကြီးမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီးပါ (၃)ဦး၊ တောင်တွင်းကြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းပါ ကျေးရွာသူ /ရွာသား(၂၀)ဦးတို့မှ ၀ိုင်းဝန်းဖျက်သိမ်းကူညီ ပြောင်းရွေ့ပေးခဲ့ပြီး ရေဘေးသင့်မိသားစုဝင် များအား သောက်ရေသန့်ရေဗူး(၄)ကဒ်နှင့် မုန့်မျိုးစုံတို့အား ပေးဝေလှူဒါန်းခဲ့ရာ ၁၂၃၀ အချိန်တွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video