Saturday, September 1, 2018

မကွေး စက်တင်ဘာလ ၁ ရက်
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ ည ၁၉၀၀ နာရီအချိန်မှ၂၄၀၀ အချိန်ထိ ညဉ့်ဦးလှည့်ကင်း အား ရေနံချောင်းမြို့မရဲစခန်းမှ ဒုရဲအုပ် မြင့်စိုး ဦးစီးတပ်ဖွဲ့ဝင်(၃+၈) ဦး တို့နှင့်အတူ ဈေးပတ်လည်၊ ဆုံတိုက် ရပ်ကွက်၊ အိုးဘိုရပ်ကွက်၊ မြို့မတောင်ရပ်ကွက် အားလုံးအထိ လည်းကောင်း၊ ညဉ့်နက် လှည့်ကင်းအား ၂၄၀၀ နာရီအချိန်မှ ၀၆၀၀ နာရီအချိန်ထိ ရေနံချောင်းမြို့မရဲစခန်းမှ ဒုရဲအုပ် ချမ်းမြေ့ထွန်း ဦးစီး တပ်ဖွဲ့ဝင် (၁+၈) ဦးတို့သည် လယ်ပေါ်ဘုရားလုံခြုံရေးကို လည်းကောင်း၊ မြို့သစ်မြို့မရဲစခန်းမှ ညဉ့်ဦးလှည့်ကင်း အား ၁၉၀၀ နာရီအချိန်မှ ၂၄၀၀ နာရီ အချိန်ထိ မြို့သစ်မြို့မ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး တင်မောင်ဆွေ ပါ တပ်ဖွဲ့ဝင် (၆)ဦး၊ မြို့ပေါ်ရက်ကွက် အမှတ်(၅)၊ ဈေးကွက်သစ်၊ လယ်ပြင် ရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ဆေးရုံ လမ်းနှင့် ဈေးလမ်း အထိ လည်းကောင်း ၊ ညဉ့်နက် လှည့်ကင်းအား ၂၄၀၀ နာရီအချိန်မှ ၀၆၀၀ နာရီအချိန်ထိ မြို့သစ်မြို့မရဲစခန်းမှ ဒုရဲအုပ် ထူးပြည့်စုံ ဦးစီးတပ်ဖွဲ့ဝင် (၁+၄)တို့သည် မင်းလုပ်ကွက်သစ်၊ လယ်ပြင် ရပ်ကွက်၊ ဈေးရပ်ကွက်၊ မြို့ပေါ် ရပ်ကွက်များ အားလုံးအထိလည်းကောင်း၊ ချောက်မြို့မရဲစခန်းမှ ညဉ့်ဦး လှည့်ကင်း အား ၁၉၀၀ နာရီ အချိန်မှ ၂၄၀၀ နာရီ အချိန်ထိ ချောက် မြို့မရဲစခန်းမှ ဒုရဲအုပ် ဟိန်းရာကျော် ဦးစီး တပ်ဖွဲ့ဝင်(၁+၇) ဦးတို့သည် အမှတ် (၁၀/၁၁/၁၂/၁၃/၁၄) မြို့ပေါ်ရပ်ကွက်များ အထိလည်းကောင်း၊ ညဉ့်နက်လှည့်ကင်း အား ၂၄၀၀ နာရီအချိန်မှ ၀၆၀၀ နာရီအချိန်ထိ ပေါက်မြို့မရဲစခန်းမှ ဒုရဲအုပ် မြစိုး ဦးစီးတပ်ဖွဲ့ဝင် (၁+၅) ဦးတို့သည် မြို့ပေါ်ရပ်ကွက် (၇/၈/၉/၁၀)အားလုံးအထိ လည်းကောင်း တရားဥပဒေ စိုးမိုးရေး နှင့် ပြည်သူလူထုလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် နယ်မြေ အတွင်း လှည့်ကင်းဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိရပါသည်။






0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video