မကွေး စင်တင်ဘာလ ၁ ရက်
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ် အချိန်တွှင် ဆောမြို့နယ်၊ ကျောက်ထု နယ်မြေရဲစခန်းမှ ဒုရဲအုပ် တင်အောင်ယု နှင့်အဖွဲ့ ကျောက်ထုသစ်တောဦးစီးဌာနမှ တောအုပ် ၀င်းထွဋ် နှင့် အဖွဲ့တို့သည် တရားမ၀င်သစ်များ သယ်ဆောင်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ကျောက်ထု-ပခုက္ကူကားလမ်း၊ သရက်ချဉ်ကျေးရွာအနီး စောင့်ဆိုင်းနေစဉ် ဂန့်ဂေါမြို့နယ်ဘက်မှ ဂန့်ဂေါမြို့နယ်၊ ပြင်သာကျေးရွာနေ ဇော်ထွန်းမင်း၊ ၃၆ နှစ်၊ (ဖ)ဦးကောက်ရ မောင်းနှင်ပြီး ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးကျေးရွာနေ တူးတူး(ခ)ဇော်မင်းဦး၊ ၃၄ နှစ်၊ (ဖ)ဦးအေးကြူနှင့် ဂန့်ဂေါမြို့နယ်၊ ပိုဦးကျေးရွာနေ ဒေါ်ခင်စန်းမေ၊ ၃၅ နှစ်၊ (ဖ)ဦးအောင်ဆင့် တို့လိုက်ပါလာသည့် 4C/3667 Light Truck ခေါင်းစိမ်း ကိုယ်ထည် မီးခိုးရောင် (၆)ဘီး ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်တွင် တရားမ၀င် သယ်ဆောင်လာသော ကျွန်းသစ်ပုံကြမ်း၊ အချင်း(၃) ပေခန့်ရှိ စားပွဲဝိုင်း(၇၂)လုံး၊ တန်ဘိုး ၈၆၄၀၀၀ိ/- နှင့် စာရေးခုံ လေးထောင့်စားပွဲ(၁)လုံး၊ တန်ဘိုး ၁၅၀၀၀ိ/- ၊ (၀.၇၅၄)တန်၊ စုစုပေါင်းတန်ဘိုး ၈၇၉၀၀၀ိ/- တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ပေါက်မြို့ နယ်၊ ချိုင်းဇောက်ကျေးရွာနေ ကျော်ဌေး၊ ၃၃ နှစ်၊ (ဖ) ဦးကျောက်ခဲ၊ မျိုးဌေး၊ ၂၈ နှစ်၊ (ဖ) ဦးကျောက်ခဲ၊ အောင်နိုင်မင်း၊ ၃၂ နှစ်၊ (ဖ) ဦးအောင်သန်း၊ ကျော်သူ၊ ၂၈ နှစ်၊ (ဖ) ဦးဝင်းမောင် တို့(၄)ဦးမှ လမ်းကြောင်းရှင်း လိုက်ပါ၍ ဒေါ်ခင်စန်းမေ မှ ရောင်းချကာ မျိုးဌေး ပါ(၄)ဦးတို့မှ ၀ယ်ယူခဲ့ကြောင်း၊ ဇော်ထွန်းမင်း နှင့် တူးတူး (ခ)ဇော်မင်းဦး တို့မှ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးရကြောင်း စစ်ဆေး ပေါ်ပေါက် သဖြင့် ဒေါ်ခင်စန်းမေပါ (၇)ဦး တို့အား ဆောမြို့နယ်၊ ကျောက်ထုနယ်မြေ ရဲစခန်း (ပ) ၁၅၆ /၂၀၁၈၊ သစ်တောဥပဒေပုဒ်မ ၄၃(က) အရ အရေး ယူဆောင်ရွက်လျှက်ရှိပါသည်။
0 comments:
Post a Comment