Monday, February 26, 2018



မကွေး ၊ ဖေဖော်ဝါရီ ၂၆
       ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် မကွေးခရိုင်ရဲတပ်ဖွဲ့ရှိ အစည်းအဝေးခန်းမတွင် ခေတ်မီလက်နက်များ စနစ်တကျထားသိုထိန်းသိမ်းနိုင်ရေးနှင့် ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေး(ဆင့်ပွား)သင်တန်းအား  မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွန်း မှ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းဖွင့်ပွဲသို့ မကွေးခရိုင်ရဲတပ်ဖွဲ့မှ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးဝင်း၊ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး  ရဲမှူး ငွေတင်၊ ခရိုင်များမှ ( ဦး / ရေး / ထောက် ) ဦးစီးအရာရှိများ၊ မကွေးမြို့မရဲစခန်းမှူး၊ မကွေးမြို့နယ်ရှိရဲစခန်းမှူးများနှင့် သင်တန်းနည်းပြ ရဲအရာခံ အောင်လှိုင်ဦးပါ (၅)ဦး၊ သင်တန်းသား ရဲတပ်ကြပ်ကြီး အောင်ထွန်းကျော်ပါ (၂၅)ဦး၊ စုစုပေါင်း (၃၇)ဦးတို့ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်း အား ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ နေ့လည် ၃ နာရီ ၃၅ မိနစ်အချိန်ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။




Friday, February 23, 2018



မကွေး ၊ ဖေဖော်ဝါရီ ၂၃
       ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲဝန်းရှိ ရဲဇာနည်ခန်းမတွင် စည်းရုံးရေးကော်မတီဥက္ကဌ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးနှင့်ဇနီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဌ ဒေါ်ခင်မာလာအေးနှင့်အတူ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်း၊ ဒုတိယရဲမှူးကြီး တင်မိုး၊ ရဲမှူး (ဦးစီး)၊ ရဲမှူး (မှုခင်းမှတ်တမ်း)၊ ရဲမှူး (ရေး/ထောက်)၊ ဒုရဲမှူး (ရေး/ ထောက်)၊ အရာရှိ/အခြားအဆင့်တပ်ဖွဲ့ဝင် (၉၀)ဦးနှင့် မိသားစုဝင် (၆၀)ဦး၊ စုစုပေါင်း (၁၅၀)ဦးတို့အား ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
     အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ တပ်ဖွဲ့ဝင်၊ မိသားစုများအား စည်းစည်း လုံးလုံးနေထိုင်ရန်၊ နရခမှ ညွှန်ကြားထားသော အိမ်ထောင်သည်လိုင်းစည်းကမ်းများအား တိတိကျကျလိုက်နာ ရန်နှင့် တပ်ဖွဲ့ဝင်/မိသားစုများအား မိမိတို့၏ ၀င်ငွေနှင့် ထွက်ငွေမျှတစွာ သုံးစွဲရန်၊ အုပ်ချုပ်မှု လျော့နည်းဖြစ်စဉ် မဖြစ်ပွားစေရေး စနစ်တကျနေထိုင်ရန်၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မိသားစုအလိုက် မီးချိတ်/ မီးကတ်စနစ်တကျထားရှိသွားရန်၊ အိမ်ထောင်သည်မိသားစု နေအိမ်လိုင်းခန်းပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပရေး ဆောင်ရွက်ထားရန်စသည်တို့အား ဆွေးနွေးမှာကြားခဲ့ပြီး တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များမှ ဆန္ဒဖော် ထုတ်တင်ပြမှုမရှိပါသဖြင့် နေ့လည် ၂ နာရီအချိန်တွင် ဆန္ဒဖော်ထုတ်ပွဲပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။




Friday, February 9, 2018



       မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်ကွက်၊ ရဲအကူ တပ်ဖွဲ့ခွဲဝန်း၊ စစ်ရေးပြကွင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး DAYANG 125 မော်တော် ဆိုင်ကယ် (၁၃၂)စီးနှင့် မော်တော်ဆိုင်ကယ်စီးဦးထုပ် (၁၃၂)လုံး တို့အား ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေး၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်း၊ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယရဲမှူးကြီး တင်မိုး၊ ခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ သတင်းမီဒီယာသမား များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက် ကြောင်း သတင်းရရှိပါ သည်။
     အဆိုပါအခမ်းအနားတွင် ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုမှ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးထံ ဆိုင်ကယ်(၁၃၂)စီး ပေးအပ်ခြင်း၊ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးမှ ဒုတိယ တိုင်းဒေသကြီးရဲမှူးကြီး လှသန်းထံ ဆိုင်ကယ်စီးဦးထုပ် (၁၃၂)လုံး ပေးအပ်ခဲ့ပြီး၊ မကရမှူးမှ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများဆောင်ရွက်မည့် ရဲအကူတပ်ဖွဲ့ခွဲနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးများထံ ဆိုင်ကယ်/ဆိုင်ကယ်စီး ဦးထုပ်များ ပြန်လည်ပေးအပ်ခြင်းပြုလုပ်ခဲ့ပြီး  ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်း (၀၈၀၀) အချိန်မှ (၀၉၁၅) အချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ပါကြောင်း  သတင်း ရရှိပါသည်။






Sunday, February 4, 2018



       မကွေးတိုင်းဒေသကြီး၊ မကွေးတက္ကသိုလ်ဝန်းအတွင်း (၇၁)နှစ်မြောက်ပြည်ထောင်စုနေ့ အကြို စုပေါင်းသန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်းမှ အနီးကပ်ကြီးကြပ်ကွပ်ကဲ၍ မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွန်း၊ ဒုခရိုင်တပ်ဖွဲ့မှူး ရဲမှူး စိုးဝင်း၊ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငွေတင်၊ ရဲအကူတပ်ဖွဲ့ခွဲမှ ခေတ္တရဲအကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူး မင်းဇော်ဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ မကွေးတိုင်းကြက်ခြေနီတပ်ရင်းမှူး ဦးကျော်နိုင် ဦးစီးသည့်အဖွဲ့ဝင်များ၊ မကွေးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်မြို့နယ်မှူး ဦးသောင်းတင် ဦးစီသည့်တပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ အဖွဲ့ဝင်များ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဦး ဦးစီးသည့် ဆရာ/ဆရာမ၊ ကျောင်းသား/သူများနှင့် စုစုပေါင်းအင်အား (၉၀၈)ဦးတို့မှ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်း (၀၇၀၀) အချိန်မှ (၀၉၁၅) အချိန်ထိ စုပေါင်းသန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။












Find Us on Facebook

Popular Posts

Video