မကွေး ၊ ဖေဖော်ဝါရီ ၂၆
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်
၇ နာရီ ၃၀ မိနစ်အချိန်တွင် မကွေးခရိုင်ရဲတပ်ဖွဲ့ရှိ အစည်းအဝေးခန်းမတွင် ခေတ်မီလက်နက်များ စနစ်တကျထားသိုထိန်းသိမ်းနိုင်ရေးနှင့် ကျွမ်းကျင်စွာ
ကိုင်တွယ်အသုံးပြုနိုင်ရေး(ဆင့်ပွား)သင်တန်းအား
မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွန်း မှ
ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းဖွင့်ပွဲသို့ မကွေးခရိုင်ရဲတပ်ဖွဲ့မှ
ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးဝင်း၊ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ငွေတင်၊ ခရိုင်များမှ ( ဦး / ရေး / ထောက်
) ဦးစီးအရာရှိများ၊ မကွေးမြို့မရဲစခန်းမှူး၊ မကွေးမြို့နယ်ရှိရဲစခန်းမှူးများနှင့်
သင်တန်းနည်းပြ ရဲအရာခံ အောင်လှိုင်ဦးပါ (၅)ဦး၊ သင်တန်းသား ရဲတပ်ကြပ်ကြီး
အောင်ထွန်းကျော်ပါ (၂၅)ဦး၊ စုစုပေါင်း (၃၇)ဦးတို့ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်း
အား ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ နေ့လည် ၃ နာရီ
၃၅ မိနစ်အချိန်ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment