Thursday, March 8, 2018

       ၂၀၁၈ ခုနှစ်၊ မတ်လ ၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောကျေးရွာသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ၀န်ကြီး (လခရ/နစရ)ဗိုလ်မှူးကြီး မင်းဦး၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေး၊ ယာယီတိုင်း မီးသတ်ဦးစီးမှူး ဒုညွှန်မှူး ဦးဇော်ဝင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်၊ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်စိုး၊ ခရိုင်ဆောက်လုပ်ရေးဦးစီးဌာနမှ ညွှန်မှူး ဦးနေဇင်ထွန်း၊ တိုင်းဒေသကြီး (၁)လွှတ်တော် ကိုယ်စားလှယ် ဦးတင်သောင်း၊ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဟန် မြို့နယ်အုပ်ချုပ်ရေး မှူး ဦးအောင်မြင့်၊ ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဖေ၊ သစ်ကြီးတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သူရ တို့ ပါဝင်သောအဖွဲ့သည် သစ်ကြီးတောကျေးရွာ၊ အထက(ခွဲ)မီးဘေး ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိပြီး မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားပြုလုပ်ခဲ့ရာ စုစုပေါင်း အင်အား(၁၀၀၀)ခန့် တက်ရောက်ခဲ့ပါသည်။
      အဆိုပါ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညို မှ မီးဘေးသင့်ပြည်သူများအတွက် တစ်အိမ်ထောင်လျှင် (၃)သိန်းကျပ်နှုန်းဖြင့် အိမ်ထောင်စု(၁၆၇)စု အတွက် (၅၀၁)သိန်းကျပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးမှ မီးဘေးသင့် ပြည်သူများအတွက် (၃)သိန်းကျပ်၊ တိုင်းဒေသကြီးဆောက်လုပ်ရေးအသင်းမှ (၁၀)သိန်းကျပ်၊ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူုးကြီး ခင်မောင်အေးမှ မာမားခေါက်ဆွဲခြောက်ထုပ်(၁၀၀၀)ထုပ်၊ တန်ဘိုးငွေ (၁၃၀၃၅၀ိ/-)၊ " ဘိုးရတနာ "ရေသန့်ဗူး (၁၀၀၈)ဗူး၊ တန်ဘိုးငွေ (၉၂၄၀၀ိ/-)၊ မူးယစ် တပ်ဖွဲ့စုမှ လှူဒါန်းသည့် မာမားခေါက်ဆွဲခြောက်ထုပ် (၁၀၀၀၀)ထုပ်၊ တန်ဘိုးငွေ (၁၃၀၃၅၀ိ/-)၊ ဦးရဲမြင့်မှ " ငွေနဒီ " ရေသန့်မှ လှူဒါန်းသည့် ရေသန့်ဗူး (၃၆၀)ဗူး၊  တန်ဘိုးငွေ (၄၈၀၀၀ိ/-)၊ သင်္ဂဟ ဖောင်ဒေးရှင်းမှ ငွေသိန်း(၄၀၀)ကျပ်၊ မြိုင်မြို့နယ်၊ မကျီးလေးပင်ကျေးရွာ၊ ကျွဲ/ နွား/ သိုး/ ဆိတ် မွေးမြူထုတ်လုပ်ရေး ကိုယ်စားလှယ် ဦးမောင်စိုးမှ ငွေကျပ်သိန်း(၄၀)၊ စုစုပေါင်းထောက်ပံ့ လှူဒါန်းမှု တန်ဘိုးငွေ (၉၅၄)သိန်းကျပ်တို့အား အသီးသီးထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဟန်၊ သစ်ကြီးတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သူရ၊ ရပ်မိရပ်ဖ ဦးသန်းဦးတို့မှ လက်ခံရယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။









0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video