Friday, February 23, 2018



မကွေး ၊ ဖေဖော်ဝါရီ ၂၃
       ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲဝန်းရှိ ရဲဇာနည်ခန်းမတွင် စည်းရုံးရေးကော်မတီဥက္ကဌ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးနှင့်ဇနီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဌ ဒေါ်ခင်မာလာအေးနှင့်အတူ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်း၊ ဒုတိယရဲမှူးကြီး တင်မိုး၊ ရဲမှူး (ဦးစီး)၊ ရဲမှူး (မှုခင်းမှတ်တမ်း)၊ ရဲမှူး (ရေး/ထောက်)၊ ဒုရဲမှူး (ရေး/ ထောက်)၊ အရာရှိ/အခြားအဆင့်တပ်ဖွဲ့ဝင် (၉၀)ဦးနှင့် မိသားစုဝင် (၆၀)ဦး၊ စုစုပေါင်း (၁၅၀)ဦးတို့အား ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
     အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ တပ်ဖွဲ့ဝင်၊ မိသားစုများအား စည်းစည်း လုံးလုံးနေထိုင်ရန်၊ နရခမှ ညွှန်ကြားထားသော အိမ်ထောင်သည်လိုင်းစည်းကမ်းများအား တိတိကျကျလိုက်နာ ရန်နှင့် တပ်ဖွဲ့ဝင်/မိသားစုများအား မိမိတို့၏ ၀င်ငွေနှင့် ထွက်ငွေမျှတစွာ သုံးစွဲရန်၊ အုပ်ချုပ်မှု လျော့နည်းဖြစ်စဉ် မဖြစ်ပွားစေရေး စနစ်တကျနေထိုင်ရန်၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မိသားစုအလိုက် မီးချိတ်/ မီးကတ်စနစ်တကျထားရှိသွားရန်၊ အိမ်ထောင်သည်မိသားစု နေအိမ်လိုင်းခန်းပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပရေး ဆောင်ရွက်ထားရန်စသည်တို့အား ဆွေးနွေးမှာကြားခဲ့ပြီး တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များမှ ဆန္ဒဖော် ထုတ်တင်ပြမှုမရှိပါသဖြင့် နေ့လည် ၂ နာရီအချိန်တွင် ဆန္ဒဖော်ထုတ်ပွဲပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video