Friday, February 9, 2018



       မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်ကွက်၊ ရဲအကူ တပ်ဖွဲ့ခွဲဝန်း၊ စစ်ရေးပြကွင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး DAYANG 125 မော်တော် ဆိုင်ကယ် (၁၃၂)စီးနှင့် မော်တော်ဆိုင်ကယ်စီးဦးထုပ် (၁၃၂)လုံး တို့အား ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေး၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်း၊ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယရဲမှူးကြီး တင်မိုး၊ ခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ သတင်းမီဒီယာသမား များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက် ကြောင်း သတင်းရရှိပါ သည်။
     အဆိုပါအခမ်းအနားတွင် ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုမှ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးထံ ဆိုင်ကယ်(၁၃၂)စီး ပေးအပ်ခြင်း၊ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးမှ ဒုတိယ တိုင်းဒေသကြီးရဲမှူးကြီး လှသန်းထံ ဆိုင်ကယ်စီးဦးထုပ် (၁၃၂)လုံး ပေးအပ်ခဲ့ပြီး၊ မကရမှူးမှ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများဆောင်ရွက်မည့် ရဲအကူတပ်ဖွဲ့ခွဲနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးများထံ ဆိုင်ကယ်/ဆိုင်ကယ်စီး ဦးထုပ်များ ပြန်လည်ပေးအပ်ခြင်းပြုလုပ်ခဲ့ပြီး  ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်း (၀၈၀၀) အချိန်မှ (၀၉၁၅) အချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ပါကြောင်း  သတင်း ရရှိပါသည်။






0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video