Sunday, February 4, 2018



       မကွေးတိုင်းဒေသကြီး၊ မကွေးတက္ကသိုလ်ဝန်းအတွင်း (၇၁)နှစ်မြောက်ပြည်ထောင်စုနေ့ အကြို စုပေါင်းသန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်းမှ အနီးကပ်ကြီးကြပ်ကွပ်ကဲ၍ မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွန်း၊ ဒုခရိုင်တပ်ဖွဲ့မှူး ရဲမှူး စိုးဝင်း၊ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငွေတင်၊ ရဲအကူတပ်ဖွဲ့ခွဲမှ ခေတ္တရဲအကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူး မင်းဇော်ဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ မကွေးတိုင်းကြက်ခြေနီတပ်ရင်းမှူး ဦးကျော်နိုင် ဦးစီးသည့်အဖွဲ့ဝင်များ၊ မကွေးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်မြို့နယ်မှူး ဦးသောင်းတင် ဦးစီသည့်တပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ အဖွဲ့ဝင်များ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဦး ဦးစီးသည့် ဆရာ/ဆရာမ၊ ကျောင်းသား/သူများနှင့် စုစုပေါင်းအင်အား (၉၀၈)ဦးတို့မှ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်း (၀၇၀၀) အချိန်မှ (၀၉၁၅) အချိန်ထိ စုပေါင်းသန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။












0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video