Saturday, January 13, 2018



        မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ပြည့်သူဆေးရုံးကြီးဝန်းတွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်းမှ အနီးကပ်ကြီးကြပ်ကွပ်ကဲ၍ မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွန်း၊ ရဲအကူတပ်ဖွဲ့ခွဲမှ ခေတ္တရဲအကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူး မင်းဇော်ဦး၊ တိုင်းမီးသတ်ဦးစီး ဦးအောင်ဝင်းစိန်၊ မြို့နယ်စည်ပင်ဦးစီးဌာနမှ လ/ထညွှန်မှူး ဦးမြင့်မြတ်၊ မြို့နယ်ဆောက်လုပ်ရေးဦးစီးမှ လ/ထညွှန်မှူး ဦးတင့်ထူး၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ပေါ်ဦးနှင့် မကွေးမြို့ရွှေရောင်ပရဟိတအဖွဲ့ဥက္ကဌ ဦးတင်လင်း ဦးစီးသည့် စုစုပေါင်း အင်အား(၂၀၇)ဦးတို့မှ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၁၃ရက်နေ့ နံနက်ပိုင်း (၀၇၀၀)အချိန်မှ (၀၉၀၀) အချိန်အထိ ပေါင်းမြက်/အမှိုက်သရိုက် များရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို လုပ်အားပေး ဆောင်ရွက်ခဲ့ပါသည်။ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ သော တပ်ဖွဲ့ဝင်များအား နံနက်စာအဖြစ် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ကောက်ညှင်းပေါင်းနှင့် အကြော်ဗူး(၇၀)အား စနစ်တကျဝေဌကျွေးမွေးခဲ့ ကြောင်း သတင်းရရှိပါသည်။









0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video