Friday, January 12, 2018



       ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ၀င်းမျိုးသန့်၊ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ ရဲအုပ် မျိုးလွင်နှင့် အဖွဲ့၊ ပခုက္ကူမြို့မ ရဲစခန်းမှ ရဲအုပ် သိန်းဌေးနှင့်အဖွဲ့တို့သည် သက်သေများနှင့်အတူ ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်၊ (၁၅) လမ်းနေ ပြာလောင်(ခ)ဌေးမင်းလှိုင်သည် ၄င်း၏နေအိမ်တွင် တရားမ၀င် မူးယစ်ဆေးဝါးများ ရောင်းဝယ်/ သုံးစွဲနေကြောင်း သတင်းအရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးဖမ်းဝရမ်းအမှတ် (၁/၂၀၁၈) ဖြင့် ၀င်ရောက်ရှာဖွေရာ ပခုက္ကူမြို့၊ အမှတ်(၆) ရပ်ကွက်၊ (၁၅)လမ်းနေ ပြာလောင် (ခ)ဌေးမင်းလှိုင်၊ ၄၁ နှစ်၊ ကျဘမ်း၊ (ဘ)ဦးဗေဒါအား နေအိမ် အောက်ထပ်ဝင်ပေါက် တံခါးမကြီးအနီးတွင် တွေ့ရှိရပြီး ၄င်းလက်တွင် ကိုင်ဆောင်ထားသည့် TW တံဆိပ်ပါ လိမ္မော်ရောင် ပလတ်စတစ်အိတ်ကြီး အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၂၁၉၉)ပြား၊ အလေးချိန် (၂၁၉.၉)ဂရမ်၊ ကာလတန်ဘိုး ဆေးပြား(၁)ပြားလျှင် (၅၀၀၀)ကျပ် နှုန်းဖြင့် (၁၀၉၉၅၀၀၀)ကျပ်၊ စိတ်ကြွဆေးပြားအကြေ (၆၀.၃)ဂရမ်၊ ခန့်မှန်းတန်ဘိုး (၃၀၁၅၀၀၀) ကျပ်ခန့်၊ စုစုပေါင်းခန့်မှန်းတန်ဘိုးငွေ (၁၄၀၁၀၀၀၀)ကျပ်ခန့်နှင့် မူးယစ်ဆေးဝါးရောင်းရငွေ (၁၃၇၁၀၀၀)ကျပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ်/ သုံးစွဲ/လက်ဝယ်ထားရှိသူ ပြာလောင်(ခ)ဌေးမင်းလှိုင်အား ပခုက္ကူမြို့မရဲစခန်း၊ မူးယစ်(ပ) ၁/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၀(က) အရ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video