Thursday, January 11, 2018



   ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့အား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ရန် DYNANG -125 (တရုတ်)ဆိုင်ကယ် (၁၃၂)စီး ၀ယ်ယူခွင့်ပြုပေးခဲ့ရာ မကွေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ စစ်ရေးပြကွင်းတွင် စီတန်းပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးနှင့် ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်းတို့မှ  အရည်အသွေးစိစစ်ရေးကော်မတီအဖွဲ့ဝင်များနှင့် အတူ ဖွင့်ဖောက်စစ်ဆေး လက်ခံခဲ့ကြောင်း၊ ဆက်လက်ပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေး ခန်းမတွင် အစည်းအဝေးပြုလုပ်၍ ဆိုင်ကယ်များအား ခရိုင်(၅)ခရိုင်နှင့် မြို့နယ်များသို့ ဖြန့်ဝေခွဲခြင်း၊ ဆိုင်ကယ်များအား ရေရှည်အသုံးပြုနိုင်ရေး စနစ်တကျကိုင်တွယ် အသုံးပြုရန်နှင့် လုံခြုံရေးလုပ်ငန်း များ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုထိရာက်အောင် ဆောင်ရွက်သွားရန်၊ ယာဉ်/လမ်း အန္တရာယ်ကင်း ရှင်းရေးနှင့် မှုခင်းကျဆင်းရေးများ စဉ်ဆက်မပြတ် ဆောင်ရွက်၍ ပြည်သူလူထုအား ဥပဒေနှင့်အညီ ကာကွယ်စာင့်ရှောက်ရန်နှင့် အဆိုပါ ဆိုင်ကယ်များအား မှတ်ပုံတင်နိုင်ရေး မှာကြားခြင်းများ ဆောင်ရွက် ခဲ့ပြီး မှတ်ပုံတင်ပြီးပါက ခရိုင်(၅)ခရိုင် (မကွေး/မင်းဘူး/သရက်/ပခုက္ကူ/ဂန့်ဂေါ) ခရိုင်ရဲတပ်ဖွဲ့များသို့ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video