၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ နံနက်
၎ နာရီ ၁၀ မိနစ်အချိန်တွင် မကွေးမြို့၊ အောင်ချမ်းသာ ရပ်ကွက်၊ ရန်ကျော်ရပ်၊ အဝေရာလမ်းရှိ
တိုင်းဒေသကြီးအားကစားကွင်းတွင် ကျင်းပပြုလုပ်သည့်
နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊
လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး
တိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး(၂)
လွှတ်တော် ကိုယ်စားလှယ်၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေး၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်း၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး
လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားအား နံနက် ၄ နာရီ ၃၀ မိနစ်အချိန်တွင် ပြီးဆုံးခဲ့ကြောင်း
သတင်းရရှိပါသည်။
၂၀၁၈
ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၇ နာရ်ီအချိန်တွင် မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊
အထက (၁)လမ်းရှိ အဆင့်မြင့် မြို့တော်ခန်းမတွင် နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းဦး၊
တိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး
ရဲမှူးကြီး ခင်မောင်အေး၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်း၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊
တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ သူနာပြုသင်တန်းသား/သူများ၊ ဆရာ/
ဆရာမများ၊ ကျောင်းသား/သူများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ စုစုပေါင်းအင်အား
(၁၀၀၀)ဦး ခန့် တက်ရောက်ခဲ့ပြီး ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပေးပို့သော နှစ် (၇၀)ပြည့်လွတ်လပ်ရေးနေ့သ၀ဏ်လွှာအား
ဖတ်ကြားခဲ့ပြီး နံနက် ၇ နာရီ ၁၀ မိနစ်အချိန်တွင် အခမ်းအနား ပြီးဆုံးကြောင်း သတင်းရရှိခဲ့ပါသည်။
0 comments:
Post a Comment