မကွေးတိုင်းဒေသကြီး၊
မကွေးမြို့၊ ပြည့်သူဆေးရုံးကြီးဝန်းတွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်းမှ
အနီးကပ်ကြီးကြပ်ကွပ်ကဲ၍ မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွန်း၊
ရဲအကူတပ်ဖွဲ့ခွဲမှ ခေတ္တရဲအကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူး မင်းဇော်ဦး၊ တိုင်းမီးသတ်ဦးစီး
ဦးအောင်ဝင်းစိန်၊ မြို့နယ်စည်ပင်ဦးစီးဌာနမှ
လ/ထညွှန်မှူး ဦးမြင့်မြတ်၊ မြို့နယ်ဆောက်လုပ်ရေးဦးစီးမှ လ/ထညွှန်မှူး ဦးတင့်ထူး၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ပေါ်ဦးနှင့် မကွေးမြို့ရွှေရောင်ပရဟိတအဖွဲ့ဥက္ကဌ ဦးတင်လင်း ဦးစီးသည့် စုစုပေါင်း အင်အား(၂၀၇)ဦးတို့မှ ၂၀၁၈
ခုနှစ်၊ ဇန်န၀ါရီလ ၁၃ရက်နေ့ နံနက်ပိုင်း (၀၇၀၀)အချိန်မှ (၀၉၀၀) အချိန်အထိ ပေါင်းမြက်/အမှိုက်သရိုက် များရှင်းလင်းခြင်းနှင့်
သန့်ရှင်းရေးပြုလုပ်ခြင်းတို့ဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို လုပ်အားပေး ဆောင်ရွက်ခဲ့ပါသည်။ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ သော တပ်ဖွဲ့ဝင်များအား
နံနက်စာအဖြစ်
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ကောက်ညှင်းပေါင်းနှင့် အကြော်ဗူး(၇၀)အား
စနစ်တကျဝေဌကျွေးမွေးခဲ့ ကြောင်း သတင်းရရှိပါသည်။
Saturday, January 13, 2018
Friday, January 12, 2018
5:46 PM
minnthwin
Local News, NEWS, Regional News
No comments
၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ၀င်းမျိုးသန့်၊ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ ရဲအုပ် မျိုးလွင်နှင့် အဖွဲ့၊ ပခုက္ကူမြို့မ ရဲစခန်းမှ ရဲအုပ် သိန်းဌေးနှင့်အဖွဲ့တို့သည် သက်သေများနှင့်အတူ ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်၊ (၁၅) လမ်းနေ ပြာလောင်(ခ)ဌေးမင်းလှိုင်သည် ၄င်း၏နေအိမ်တွင် တရားမ၀င် မူးယစ်ဆေးဝါးများ ရောင်းဝယ်/ သုံးစွဲနေကြောင်း သတင်းအရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးဖမ်းဝရမ်းအမှတ် (၁/၂၀၁၈) ဖြင့် ၀င်ရောက်ရှာဖွေရာ ပခုက္ကူမြို့၊ အမှတ်(၆) ရပ်ကွက်၊ (၁၅)လမ်းနေ ပြာလောင် (ခ)ဌေးမင်းလှိုင်၊ ၄၁ နှစ်၊ ကျဘမ်း၊ (ဘ)ဦးဗေဒါအား နေအိမ် အောက်ထပ်ဝင်ပေါက် တံခါးမကြီးအနီးတွင် တွေ့ရှိရပြီး ၄င်းလက်တွင် ကိုင်ဆောင်ထားသည့် TW တံဆိပ်ပါ လိမ္မော်ရောင် ပလတ်စတစ်အိတ်ကြီး အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၂၁၉၉)ပြား၊ အလေးချိန် (၂၁၉.၉)ဂရမ်၊ ကာလတန်ဘိုး ဆေးပြား(၁)ပြားလျှင် (၅၀၀၀)ကျပ် နှုန်းဖြင့် (၁၀၉၉၅၀၀၀)ကျပ်၊ စိတ်ကြွဆေးပြားအကြေ (၆၀.၃)ဂရမ်၊ ခန့်မှန်းတန်ဘိုး (၃၀၁၅၀၀၀) ကျပ်ခန့်၊ စုစုပေါင်းခန့်မှန်းတန်ဘိုးငွေ (၁၄၀၁၀၀၀၀)ကျပ်ခန့်နှင့် မူးယစ်ဆေးဝါးရောင်းရငွေ (၁၃၇၁၀၀၀)ကျပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ်/ သုံးစွဲ/လက်ဝယ်ထားရှိသူ ပြာလောင်(ခ)ဌေးမင်းလှိုင်အား ပခုက္ကူမြို့မရဲစခန်း၊ မူးယစ်(ပ) ၁/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၀(က) အရ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Thursday, January 11, 2018
5:21 PM
minnthwin
Local News, NEWS, Regional News
No comments
၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး
အစိုးရ အဖွဲ့မှ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့အား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ
ထိရောက်စွာ ဆောင်ရွက်ရန် DYNANG -125 (တရုတ်)ဆိုင်ကယ် (၁၃၂)စီး ၀ယ်ယူခွင့်ပြုပေးခဲ့ရာ
မကွေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ စစ်ရေးပြကွင်းတွင် စီတန်းပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးနှင့် ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး
ရဲမှူးကြီး လှသန်းတို့မှ အရည်အသွေးစိစစ်ရေးကော်မတီအဖွဲ့ဝင်များနှင့် အတူ ဖွင့်ဖောက်စစ်ဆေး
လက်ခံခဲ့ကြောင်း၊ ဆက်လက်ပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေး ခန်းမတွင်
အစည်းအဝေးပြုလုပ်၍ ဆိုင်ကယ်များအား ခရိုင်(၅)ခရိုင်နှင့်
မြို့နယ်များသို့ ဖြန့်ဝေခွဲခြင်း၊ ဆိုင်ကယ်များအား ရေရှည်အသုံးပြုနိုင်ရေး စနစ်တကျကိုင်တွယ်
အသုံးပြုရန်နှင့် လုံခြုံရေးလုပ်ငန်း များ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုထိရာက်အောင် ဆောင်ရွက်သွားရန်၊ ယာဉ်/လမ်း အန္တရာယ်ကင်း ရှင်းရေးနှင့် မှုခင်းကျဆင်းရေးများ
စဉ်ဆက်မပြတ် ဆောင်ရွက်၍ ပြည်သူလူထုအား ဥပဒေနှင့်အညီ ကာကွယ်စာင့်ရှောက်ရန်နှင့် အဆိုပါ
ဆိုင်ကယ်များအား မှတ်ပုံတင်နိုင်ရေး မှာကြားခြင်းများ ဆောင်ရွက် ခဲ့ပြီး မှတ်ပုံတင်ပြီးပါက
ခရိုင်(၅)ခရိုင် (မကွေး/မင်းဘူး/သရက်/ပခုက္ကူ/ဂန့်ဂေါ)
ခရိုင်ရဲတပ်ဖွဲ့များသို့ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
Thursday, January 4, 2018
4:19 PM
minnthwin
Local News, NEWS, Regional News
No comments
၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ နံနက်
၎ နာရီ ၁၀ မိနစ်အချိန်တွင် မကွေးမြို့၊ အောင်ချမ်းသာ ရပ်ကွက်၊ ရန်ကျော်ရပ်၊ အဝေရာလမ်းရှိ
တိုင်းဒေသကြီးအားကစားကွင်းတွင် ကျင်းပပြုလုပ်သည့်
နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊
လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး
တိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး(၂)
လွှတ်တော် ကိုယ်စားလှယ်၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေး၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်း၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး
လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားအား နံနက် ၄ နာရီ ၃၀ မိနစ်အချိန်တွင် ပြီးဆုံးခဲ့ကြောင်း
သတင်းရရှိပါသည်။
၂၀၁၈
ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၇ နာရ်ီအချိန်တွင် မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊
အထက (၁)လမ်းရှိ အဆင့်မြင့် မြို့တော်ခန်းမတွင် နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းဦး၊
တိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး
ရဲမှူးကြီး ခင်မောင်အေး၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်း၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊
တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ သူနာပြုသင်တန်းသား/သူများ၊ ဆရာ/
ဆရာမများ၊ ကျောင်းသား/သူများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ စုစုပေါင်းအင်အား
(၁၀၀၀)ဦး ခန့် တက်ရောက်ခဲ့ပြီး ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပေးပို့သော နှစ် (၇၀)ပြည့်လွတ်လပ်ရေးနေ့သ၀ဏ်လွှာအား
ဖတ်ကြားခဲ့ပြီး နံနက် ၇ နာရီ ၁၀ မိနစ်အချိန်တွင် အခမ်းအနား ပြီးဆုံးကြောင်း သတင်းရရှိခဲ့ပါသည်။
Subscribe to:
Posts (Atom)