မကွေး ၊ အောက်တိုဘာလ ၁
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ (၅၃) နှစ်မြောက်နှစ် ပတ်လည်နေ့တွင် နံနက် ၅ နာရီ ၃၀ မိနစ်အချိန်မှ ၆ နာရီ ၃၀ မိနစ်အချိန်ထိ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး ခင်မောင်အေး အမှူးပြုသည့် တပ်ဖွဲ့ဝင်/မိသားစုများမှ ရဲအကူတပ်ဖွဲ့ခွဲဝန်းအတွင်းရှိ ``အောင် ဓမ္မာရုံ´´တွင် ပင့်သံဃာ ၅ ပါးအားပင့်ဖိတ်၍ အာရုံဆွမ်း ဆက်ကပ်ခြင်း၊ (၉)ပါးသီလဆောက်တည်ခြင်း၊ ဆရာတော်များအား လှူဖွယ်ဝတ္ထုများဆက်ကပ် လှူဒါန်းခြင်းနှင့် ရေစက်ချတရားနာယူ၍ အမျှပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် နံနက် ၉ နာရီအချိန်တွင် မကွေးမြို့၊ ပြည်တော်သာရပ်၊ အထက(၁)လမ်းရှိ အဆင့်မြင့်မြို့တော် ခန်းမတွင် (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ် ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးနှင့် အရာရှိ/အခြား အဆင့်တပ်ဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာအကြီးအကဲများ၊ ရဲမှုထမ်းဟောင်းများ၊ သတင်း မီဒီယာများ၊ ဖိတ်ကြားထားသူများ၊ စုစုပေါင်း အင်အား (၃၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနား အစီ အစဉ်(ပထမပိုင်း) တွင် ၀န်ကြီးချုပ်မှ နှစ်ပတ်လည်နေ့ မိန့်ခွန်းပြောကြားခြင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ် အောင်ဝင်းဦးထံမှပေးပို့သည့် သ၀ဏ်လွှာအား ဖတ်ကြားခြင်း၊ ဆုများ ပေးအပ်ချီးမြင့်ခြင်းနှင့် ရဲတပ်ဖွဲ့နေ့ Video Clip ပြသခြင်းများဆောင်ရွက်ခဲ့ကြောင်းနှင့် အခမ်းအနား အစီအစဉ် (ဒုတိယပိုင်း) တွင် ရဲမှူးကြီး ခင်မောင်အေးမှ မိန့်ခွန်းပြောကြားခြင်းနှင့် ဆုရ တပ်ဖွဲ့ဝင်/မိသားစုများ၊ ရဲတပ်ဖွဲ့ဝင်များ မှုခင်းဖော်ထုတ်ရာတွင် ကူညီဆောင်ရွက်ပေးခဲ့သူများ အား ဆုများ အသီးသီးပေးအပ်ချီးမြင့်ခြင်းများဆောင်ရွက်ခဲ့ကာ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန် အခမ်းအနား ပြီးဆုံး ခဲ့ကြောင်း သတင်းရရှိသည်။