Sunday, September 24, 2017



မကွေး ၊ စက်တင်ဘာလ ၂၄
        (၅၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း၌ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးကြီး ခင်မောင်အေးနှင့် ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်းတို့ ဦးဆောင်သည့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးနှင့် မကွေးခရိုင်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၁၇၉) ဦးတို့မှ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ စု​ပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ သည်။ 








0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video