Friday, September 29, 2017

မကွေး ၊ စက်တင်ဘာလ ၂၈

(၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ရဲအကူတပ်ဖွဲ့ခွဲဝန်းအတွင်းရှိ အားကစားကွင်းတွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက် နေ့မှ ၂၈ ရက်နေ့ အထိ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ အပ်နဖားထိုး၊ စကောရွက်၊ သံပုံးရိုက်၊ အပြေး၊ ထုတ်စီးထိုး၊ ဂုန်နီအိတ် စွပ်ပြိုင်ပွဲများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြိုင်ပွဲတွင်ဆုရရှိသော တပ်ဖွဲ့ဝင်/မိသားစုများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီ ၃၀ အချိန်မှ ၉ နာရီ ၃၀ မိနစ်အချိန်ထိ အဆိုပါ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးနှင့်ဇနီး၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်းနှင့်ဇနီး၊ ဦးစီး(ပ)ဦး/ရေး/ထောက် ဒုတိယရဲမှူးကြီး တင်မိုးနှင့်ဇနီး၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူး၊ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး၊ ခေတ္တရဲအကူတပ်ဖွဲ့ခွဲမှူးနှင့်ဇနီး၊ အရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင် ၅၀ ဦး၊ မိသားစု (၇၀) ဦး၊ စုစုပေါင်း အင်အား  (၁၂၀) ဦးခန့်တက်ရောက်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် တပ်ဖွဲ့ဝင်/မိသားစုများအား ဆုများအသီးသီး ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ 
 
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video