Tuesday, December 5, 2017



မကွေး ၊ ဒီဇင်ဘာလ ၅
        မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျှက်ရှိသော စီမံကိန်းရေးဆွဲခြင်း၊ ဘတ်ဂျက်ရေးဆွဲခြင်းနှင့် အခွန်အကောက်ဆိုင်ရာ ကိစ္စရပ် များ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေး၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီမြင့်၊ မကွေးတိုင်းဒေသကြီး စီမံကိန်း ရေးဆွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစန်းလွင်၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ကျော်၊ မကွေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမင်းထွေး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် အထောက်အကူပြုကော်မတီများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ၁၂၃၀ အချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video