မကွေး ၊ ဒီဇင်ဘာလ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းလွင် ဦးစီးသည့် စစ်ကြောင်း (၁) အဖွဲ့ သည် ၆.၁၂.၂၀၁၇ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ငဖဲမြို့နယ်၊ နောင်ကျေးရွာ၏ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာရှိ လျှိုတွင် ဘိန်းပင်အမြင့်(၁)လက်မမှ (၁)ပေ(၆)လက်မခန့်ရှိ ရှင်သန်ဆဲ ဘိန်းစိုက်ခင်း (၁၀)ဧကခန့်အား လည်းကောင်း တောင်ဘက်(၃) ဖာလုံခန့်အကွာရှိ လျှိုတွင် ဘိန်းပင်အမြင့် (၃)လက်မမှ (၁)ပေ(၆) လက်မခန့်ရှိ ရှင်သန်ဆဲ ဘိန်းစိုက်ခင်း(၁၀)ဧကခန့်အားလည်းကောင်း ဖျက်ဆီးခဲ့ပါသည်။
ငဖဲမြို့နယ်၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး လှစိုး ဦးစီးသည့် စစ်ကြောင်း(၂)အဖွဲ့သည် ငဖဲမြို့နယ်၊ ရေဖြူကျေးရွာ၏ အနောက်တောင်ဘက်ရှိ တောတောင်များအတွင်းသို့ ၆.၁၂.၂၀၁၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ငဖဲမြို့နယ်၊ သစ်ခေါက်ကျေးရွာတောင်ဘက် (၄)မိုင်ခန့် အကွာ လျှိုတွင် ဘိန်းပင်အမြင့် (၁၀)လက်မမှ (၁)ပေခန့်ရှိ ရှင်သန်ဆဲ ဘိန်းစိုက်ခင်း (၁)ဧကခန့် အား တွေ့ရှိဖျက်ဆီးခဲ့သဖြင့် စုစုပေါင်း ဘိန်းစိုက်ခင်း (၂၁)ဧကခန့် ရှာဖွေဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment