Wednesday, November 30, 2016

မကွေး ၊ နိုဝင်ဘာ ၃၀ ရက်

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်အချိန်မှ ၄၅ မိနစ်အချိန် အထိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်စီစဉ်ညွှန်ကြားချက်အရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ပိုင် ယာဉ်အမှတ် 3H/3726 Nissan (၁၀)ဘီး မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် ဆင်ပေါင်ဝဲအမှတ်(၃)ရပ်ကွက် ဘုရား(၅)ဆူ စေတီ အနီးတွင် ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား/သူ ၂၀၀ဦးအားလည်းကောင်း၊ နံနက် ၉နာရီ ၄၅ မိနစ်အချိန်မှ ၁၀နာရီ ၃၅ မိနစ်အချိန်ထိ ဆင်ပေါင်ဝဲမြို့နယ်ကျောက်ဆောင်စမ်းကျေး ရွာရှိ ပြည်သူ များနှင့် ကျောင်းသား/သူ ၅၀၀ဦးခန့်အားလည်းကောင်း ဆင်ပေါင်ဝဲမြို့မရဲစခန်းမှူးဦးစီးသည့် ရဲတပ်ဖွဲ့ဝင် များမှ ယာဉ်/ လမ်း စည်းကမ်းဆိုင်ရာများ၊ မှုခင်းဖြစ်စဉ်များ၊ မူးယစ်တားဆီးနှိမ်နင်းရေး၊ လူကုန်ကူးမှု ဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့ကာ တပ်ဖွဲ့ဝင်များမှ လက် ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ပြီး မွန်းတည့် ၁၂နာရီ ၂၅ မိနစ်အချိန်တွင် အောင်လံမြို့သို့ ဆက် လက် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။ 




Saturday, November 26, 2016

မကွေး ၊ နိုဝင်ဘာလ ၂၆ ရက်

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် မကွေးမြို့၊ ဧရာဝတီတံတား (မကွေး)ပေါ် တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး လှသန်း ဦးဆောင် သည့် မကွေးခရိုင်ရဲတပ်ဖွဲ့မှူး၊ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့ မှူးတို့ပါဝင်သည့် ရဲတပ်ဖွဲ့ ၀င်များ၊ အမှတ် (၁၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မကွေး)မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တံတားပေါ်တွင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ရပ်နားခြင်း၊ အများပြည်သူစိတ်ငြိုငြင်အောင် အရက်သေစာသောက်စား မူးယစ်ခြင်းများ မရှိစေရေးအတွက် ရှောင်တခင်စစ်ဆေးခဲ့ရာ တံတားပေါ်တွင် ရပ်နားထားသည့် ဆိုင်ကယ် ၁၀ စီး၊ ကျား ၃၀ ဦး၊ မ ၃၀ဦးနှင့် တံတားပေါ်တွင်အရက်သေစာသောက် စားနေသူ ၆ ဦးတို့အားတွေ့ရှိခဲ့ကြောင်းသိရှိရသည်။ 

 ၎င်းတို့အားတွေ့ဆုံ၍ တံတားပေါ်သည် လမ်းစည်းကမ်းအရ ဖြူနီကြားအမှတ်အသား လမ်းညွှန် ဖြစ်၍ ယာဉ်/ ဆိုင်ကယ်များ ရပ်နားခွင့်မရှိကြောင်း၊ တံတားနှင့် ပလက်ဖောင်းပေါ်တွင် အရက်သေစာ သောက်စားခြင်း မှာလည်း အများပြည်သူအား စိတ်ငြိုငြင်မှုကို ဖြစ်စေကြောင်း၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပညာပေးကာလအဖြစ်သတ်မှတ်၍ ပညာပေးနေခြင်းဖြစ်ကြောင်းနှင့် နိုဝင်ဘာ ၂၈ရက်နေ့ ၊ ကျော်လွန်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းတို့အား ည ၁၀ နာရီ အချိန်ထိ ပညာပေးရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။





Tuesday, November 22, 2016



မကွေး ၊ နိုဝင်ဘာလ  ၂၂ ရက်
            မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ပိုင်ယာဉ်အမှတ် 3H/3726 Nissan (၁၀)ဘီး မှုခင်းအသိ ပညာပေးပြခန်းယာဉ်သည် တောင်တွင်းကြီးမြို့နယ်မှ မြို့သစ်မြို့နယ်သို့  ရောက်ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီမှ ၁၀နာရီ ၁၅ အချိန်ထိ မြို့သစ်မြို့၊ ဘုရားကြီးရပ်ရှိ အထက (၁) ကျောင်းတွင် ဆရာ/မများ၊ ကျောင်းသား/သူ (၁၃၆၅) ဦးအားလည်းကောင်း၊  ၁၀ နာရီ ၃၀ မိနစ်အချိန်မှ ၁၁ နာရီ ၁၅ မိနစ်အချိန်ထိ ကွက်သစ်ရပ်ရှိ အထက (၂) ကျောင်းတွင် ဆရာ/မများ၊ ကျောင်းသား/သူ (၃၃၂) ဦးတို့အားလည်းကောင်း မြို့သစ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် တပ်ဖွဲ့ဝင်များမှ ယာဉ်/လမ်းစည်းကမ်း ဆိုင်ရာများ၊ မှုခင်းဖြစ်စဉ်များ၊ မူးယစ်တားဆီးနှိမ် နင်းရေး၊ လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများပြုလုပ်ခဲ့ကာတပ်ဖွဲ့ဝင်များမှ လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်းနှင့် မွန်းတည့် ၁၂ နာရီအချိန်တွင် နတ်မောက်မြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သတင်း ရရှိသည်။




Monday, November 21, 2016

မကွေး ၊ နိုဝင်ဘာလ ၂၁ ရက်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်စီစဉ်ညွှန်ကြားချက်အရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ပိုင် ယာဉ်အမှတ် 3H/3726 Nissan (၁၀)ဘီး မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် ပြည်သူများအား မှုခင်း ကြိုတင်ကာကွယ်တား ဆီးရေးလုပ်ငန်းများတွင် ဗဟုသုတတိုးပွားစေရေးအတွက် လှည့်လည် ပြသလျက်ရှိရာ မကွေးခရိုင် ၊ တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုခွကျေးရွာ အထကကျောင်းတွင် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၀ အချိန်မှ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်အထိ မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး သိန်းသန်းဦးနှင့် တောင်တွင်းကြီးမြို့နယ် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များမှ ဆရာ/ဆရာမ များ၊ ကျောင်းသား/သူအင်အား (၈၅၂)ဦးအား ယာဉ်/ လမ်းစည်းကမ်းဆိုင်ရာများ၊ မှုခင်းဖြစ်စဉ်များ၊ မူးယစ်တားဆီးနှိမ်နင်းရေး၊ လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း များပြုလုပ်ခဲ့ကာ တပ်ဖွဲ့ဝင်များမှ လက် ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
 



 
နေပြည်တော်၊ နိုဝင်ဘာ ၂၀
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ တောင်တွင်းကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၂)ရပ်ကွက်နေ စောထီးမိုး(၃၆)နှစ်၏ "မျိုးမြင့်မြတ်" ဗွီဒီယိုခွေ အငှားဆိုင်တွင် တရားမဝင်ဆင်ဆာမဲ့ခွေများ ရောင်းချနေကြောင်း သတင်း အရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့သည်။ 
 ထိုသို့ရှာဖွေရာ ခွေကူးရာတွင်အသုံးပြုသော ASHS စာတမ်းပါ ခွေကူးစက်(၁)လုံး၊ ဆင်ဆာမဲ့မြန်မာ သီချင်းခွေ(၁၉၀၀)ချပ်၊ ဆင်ဆာမဲ့ နိုင်ငံခြားဇာတ်လမ်းခွေ(၄၃၀၀)ချပ်၊ စုစုပေါင်းတန်ဖိုး(၁၂၄၀၀၀၀)တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် စောထီးမိုးအား တောင်တွင်းကြီးမြို့မရဲစခန်း(ပ)၁၇၆၆/၂၀၁၆၊ ရုပ်မြင်သံကြားနှင့် ဗွီဒီယိုဥပဒေပုဒ်မ ၃၂(ခ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၀
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဂန့်ဂေါ မြို့နယ်၊ အိမ်သစ်ကျေး ရွာအနီး၊ ဂန့်ဂေါတောမမြိုင် လမ်းခွဲ၌ စောင့်ဆိုင်းနေစဉ် ပေါက်မြို့နယ်၊ သရက်ကန်ကျေး ရွာနေ အောင်ဘိုဘို (၃၃)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ မင်းဇော်(၂၃)နှစ်၊ ရေကားရွာနေ ဝင်အောင် (၄၆)နှစ်၊ ဂန့်ဂေါမြို့နယ်၊ မဲရွာနေ သစ်ပိုင်ရှင် ဒေါ်တင်အေး(၃၇)နှစ်နှင့် မင်းလှမြို့နယ်၊ လက်ပံတံခါးရွာနေ သန်းထွန်း(၄၂)နှစ် တို့လိုက်ပါလာသော တရားမဝင်သစ်များ သယ်ဆောင်လာသည့် 6D/×××× NISSAN အဖြူရောင်(၁၀)ဘီးယာဉ်အား ရပ်တန့်စစ်ဆေး ခဲ့သည်။ ထိုသို့စစ်ဆေးရာ ယာဉ်ပေါ်မှ ပိတောက်သစ် စကွဲယား ဆိုဒ်စုံ(၇၀)တုံး၊ (၉.၉၀၇၆)တန်၊ တန်ဖိုးငွေကျပ်(၂,၄၇၆,၉၀၀) အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ သဖြင့် သစ်ပိုင်ရှင် ဒေါ်တင်အေး ပါ (၅)ဦးအား ဂန့်ဂေါမြို့မရဲစခန်း(ပ)၉၅၈/၂၀၁၆ ၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးအက် ဥပဒေပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။





Friday, November 18, 2016

မကွေး ၊ နိုဝင်ဘာလ ၁၈ ရက်
ချောက်မြို့တွင်ရောက်ရှိရပ်နားခဲ့သော မှုခင်းအသိပညာပေးပြခန်း ယာဉ်သည် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ ညနေ ၃ နာရီ အချိန်ထိ ချောက်မြို့နယ်မှူးဦးစီးသည့် တပ်ဖွဲ့ဝင် များမှ စလေမြို့မရပ်ရှိ အထက(၁)ကျောင်းဝန်းတွင် ဆရာ/ဆရာမများ၊ ကျောင်းသား/သူအင်အား (၁၄၆၂)ဦးအားလည်းကောင်း၊ ညနေ ၄ နာရီ အချိန်မှ ည ၈ နာရီ ၃၀ အချိန်ထိ ချောက်မြို့၊ အေးစေတီရပ် စည်ပင်ရုံးရှေ့ တွင် ပြည်သူ (၁၀၀)ဦးအား လည်းကောင်း ယာဉ်/လမ်းစည်းကမ်း ဆိုင်ရာများ၊ မှုခင်းဖြစ်စဉ်များ၊ မူးယစ် တားဆီးနှိမ်နင်းရေး၊ လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း များပြုလုပ်ခဲ့ကာ တပ်ဖွဲ့ဝင်များမှ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ချောက်မြို့မရဲစခန်းတွင် ညအိပ် ရပ်နားလျှက်ရှိကြောင်း သတင်းရရှိသည်။
 





 
 

Thursday, November 17, 2016

မကွေး ၊ နိုဝင်ဘာလ ၁၇ ရက် 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်စီစဉ်ညွှန်ကြားချက်အရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ပိုင် ယာဉ်အမှတ် 3H/3726 Nissan (၁၀)ဘီး မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် ပြည်သူများအား မှုခင်း ကြိုတင်ကာကွယ်တား ဆီးရေး လုပ်ငန်းများတွင် ဗဟုသုတတိုးပွားစေရေးအတွက် လှည့်လည် ပြသ လျက်ရှိရာ မကွေးခရိုင် ၊ ရေနံချောင်းမြို့၊ အထက (၃) ကျောင်းဘောလုံးကွင်း၊ ကျောင်းအစည်း အဝေးခန်းမ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ စခန်းရှေ့၊ ရွှေကြာငုံလမ်းဆုံနှင့် တွင်းကုန်းအုပ်ချုပ်ရေးမှူးရုံးရှေ့ တို့တွင် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ၃၀ မိနစ်အချိန်မှ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်အထိ ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့ မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များမှ ကျောင်းသူ/သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ရပ် ကွက်နေပြည်သူများစုစုပေါင်း (၁၃၀၀)ဦးအား ယာဉ်/ လမ်းစည်းကမ်းဆိုင်ရာများ၊ မှုခင်းဖြစ်စဉ်များ၊ မူးယစ် တားဆီးနှိမ်နင်းရေး၊ လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း များ ပြုလုပ်ခဲ့ကာ တပ်ဖွဲ့ဝင်များမှ လက် ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ချောက်မြို့သို့ ဆက်လက် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။






Tuesday, November 15, 2016

မကွေး ၊ နိုဝင်ဘာလ ၁၅ ရက်

၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၁၅ရက်နေ့ နံနက် ၁၀ နာရီ အချိန်မှ ၁၁ နာရီ အချိန်အထိ မကွေးမြို့၊ အမှတ် (၂၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ သင်တန်း စာသင်ခန်းမတွင် အခြေခံရဲတပ်သားသစ် သင်တန်း အမှတ်စဉ် (၂၁၉/၂၀၁၆) ဖွင့်ပွဲ အခမ်းအနားအား ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဦး၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်၊ ရဲအကူတပ်ဖွဲ့ခွဲမှူး၊ ခရိုင်ရဲတပ်ဖွဲ့ မှူးများ၊ ဦး/ရေး/ထောက်ဆိုင်ရာ အရာရှိများ၊ ယာဉ်ထိန်းတပ်ဖွဲ့နှင့် မူးယစ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ၊ သင်တန်းနည်းပြအရာရှိ/အခြားအဆင့်တပ်ဖွဲ့ဝင်များ၊ သင်တန်း သား ၁၀၀ ဦး၊ စုစုပေါင်း အင်အား ၁၃၂ ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။









Thursday, November 10, 2016

မကွေး ၊ နိုဝင်ဘာလ ၁၀ ရက်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်စီစဉ်ညွှန်ကြားချက်အရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ပိုင် ယာဉ်အမှတ် 3H/3726 Nissan (၁၀)ဘီး မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် ပြည်သူများအား မှုခင်း ကြိုတင်ကာကွယ်တား ဆီးရေးလုပ်ငန်းများတွင် ဗဟုသုတတိုးပွားစေရေးအတွက် လှည့်လည် ပြသ လျက်ရှိရာ မကွေးခရိုင်၊ မကွေးမြို့၊ ဈေးလယ်စိုးရပ်ကွက်၊ မြို့မဈေးအရှေ့ဘက်ခြမ်း၌ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီအချိန်မှ ၁၀ နာရီအချိန်အထိ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များမှ မကွေးမြို့မဈေးသူ/ သားများ၊ သွားလာနေသည့် ပြည်သူများ၊ စုစုပေါင်း (၁၃၀၀)ဦးအား မူးယစ်တားဆီးနှိမ်နင်းရေး၊ မှုခင်း ကျဆင်းရေး၊ ယာဉ်/လမ်းစည်းကမ်းဆိုင်ရာများ၊ လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသိ ပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင်များမှ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။





Wednesday, November 9, 2016



မကွေး နိုဝင်ဘာလ ၉  ရက်
        ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ချောက်မြို့၊ အမှတ် (၁၅) ရပ်ကွက်နေ ဒေါ်ယုယုလှိုင်၏နေအိမ်တွင် ငှားရမ်းနေထိုင်သည့် ပေါက်မြို့၊ စံဖဲကျေးရွာနေ နေလင်းအောင် (၂၆)နှစ်သည် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေကြောင်းသတင်းအရ ချောက်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး ရှာဖွေခွင့်ဝရမ်းဖြင့် ၀င်ရောက် ရှာဖွေခဲ့ကြောင်း သိရသည်။
    နေလင်းအောင်အိပ်သည့် အိပ်ခန်းအတွင်း ၀င်ရောက်ရှာဖွေခဲ့ရာ 88 နှင့် 1 စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေး ပြား ၁၆ ပြား၊ မူးယစ်အနံ့ရရှိသည့် အပြာရောင်ပလပ်စတစ် အိတ်ခွံအပိုင်း ၄ ပိုင်း၊ ၎င်း၏အကျီအိတ်ကပ်အတွင်းမှ မူးယစ်ဆေးဝါးရောင်းချရငွေ ၅၇,၀၀၀ိ/-၊ ၎င်းစီးနင်းသည့် YGN 9I/xxxx Honda Fit အနက်ရောင်မော်တော်ယာဉ်အတွင်းမှ မူးယစ်ဆေးအနံ့ရရှိသည့် အ၀ါနုရောင် ပလပ်စတစ်အိတ်ခွံ ၁ လုံး၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ခဲပြားဝိုင်း ၃ ခု၊ ငွေစက္ကူ ရောရာ ၁၉၄,၁၀၀ိ/-တို့အား သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးလက်ဝယ်ထားရှိ သုံးစွဲသူ နေလင်းအောင်အား ချောက်မြို့မရဲစခန်း မယ (ပ) ၆/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ၁၅/၁၆(ဂ)/၂၀(က) အရအမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိသည်။


Find Us on Facebook

Popular Posts

Video