Saturday, November 26, 2016

မကွေး ၊ နိုဝင်ဘာလ ၂၆ ရက်

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် မကွေးမြို့၊ ဧရာဝတီတံတား (မကွေး)ပေါ် တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး လှသန်း ဦးဆောင် သည့် မကွေးခရိုင်ရဲတပ်ဖွဲ့မှူး၊ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့ မှူးတို့ပါဝင်သည့် ရဲတပ်ဖွဲ့ ၀င်များ၊ အမှတ် (၁၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မကွေး)မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တံတားပေါ်တွင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ရပ်နားခြင်း၊ အများပြည်သူစိတ်ငြိုငြင်အောင် အရက်သေစာသောက်စား မူးယစ်ခြင်းများ မရှိစေရေးအတွက် ရှောင်တခင်စစ်ဆေးခဲ့ရာ တံတားပေါ်တွင် ရပ်နားထားသည့် ဆိုင်ကယ် ၁၀ စီး၊ ကျား ၃၀ ဦး၊ မ ၃၀ဦးနှင့် တံတားပေါ်တွင်အရက်သေစာသောက် စားနေသူ ၆ ဦးတို့အားတွေ့ရှိခဲ့ကြောင်းသိရှိရသည်။ 

 ၎င်းတို့အားတွေ့ဆုံ၍ တံတားပေါ်သည် လမ်းစည်းကမ်းအရ ဖြူနီကြားအမှတ်အသား လမ်းညွှန် ဖြစ်၍ ယာဉ်/ ဆိုင်ကယ်များ ရပ်နားခွင့်မရှိကြောင်း၊ တံတားနှင့် ပလက်ဖောင်းပေါ်တွင် အရက်သေစာ သောက်စားခြင်း မှာလည်း အများပြည်သူအား စိတ်ငြိုငြင်မှုကို ဖြစ်စေကြောင်း၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပညာပေးကာလအဖြစ်သတ်မှတ်၍ ပညာပေးနေခြင်းဖြစ်ကြောင်းနှင့် နိုဝင်ဘာ ၂၈ရက်နေ့ ၊ ကျော်လွန်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းတို့အား ည ၁၀ နာရီ အချိန်ထိ ပညာပေးရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video