မကွေး ၊ နိုဝင်ဘာလ ၂၂ ရက်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ပိုင်ယာဉ်အမှတ် 3H/3726 Nissan (၁၀)ဘီး မှုခင်းအသိ ပညာပေးပြခန်းယာဉ်သည် တောင်တွင်းကြီးမြို့နယ်မှ
မြို့သစ်မြို့နယ်သို့ ရောက်ရှိခဲ့ပြီး ၂၀၁၆
ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီမှ ၁၀နာရီ ၁၅ အချိန်ထိ မြို့သစ်မြို့၊ ဘုရားကြီးရပ်ရှိ
အထက (၁) ကျောင်းတွင် ဆရာ/မများ၊ ကျောင်းသား/သူ (၁၃၆၅) ဦးအားလည်းကောင်း၊ ၁၀ နာရီ ၃၀ မိနစ်အချိန်မှ ၁၁ နာရီ ၁၅
မိနစ်အချိန်ထိ ကွက်သစ်ရပ်ရှိ အထက (၂) ကျောင်းတွင် ဆရာ/မများ၊ ကျောင်းသား/သူ (၃၃၂)
ဦးတို့အားလည်းကောင်း မြို့သစ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် တပ်ဖွဲ့ဝင်များမှ
ယာဉ်/လမ်းစည်းကမ်း ဆိုင်ရာများ၊ မှုခင်းဖြစ်စဉ်များ၊ မူးယစ်တားဆီးနှိမ် နင်းရေး၊
လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများပြုလုပ်ခဲ့ကာတပ်ဖွဲ့ဝင်များမှ
လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်းနှင့် မွန်းတည့် ၁၂ နာရီအချိန်တွင်
နတ်မောက်မြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သတင်း ရရှိသည်။
0 comments:
Post a Comment