မကွေး နိုဝင်ဘာလ ၉ ရက်
၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၅
နာရီအချိန်ခန့်တွင် ချောက်မြို့၊ အမှတ် (၁၅) ရပ်ကွက်နေ ဒေါ်ယုယုလှိုင်၏နေအိမ်တွင်
ငှားရမ်းနေထိုင်သည့် ပေါက်မြို့၊ စံဖဲကျေးရွာနေ နေလင်းအောင် (၂၆)နှစ်သည်
မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေကြောင်းသတင်းအရ ချောက်မြို့မ ရဲစခန်းမှ
တပ်ဖွဲ့ဝင်များ သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး ရှာဖွေခွင့်ဝရမ်းဖြင့် ၀င်ရောက်
ရှာဖွေခဲ့ကြောင်း သိရသည်။
နေလင်းအောင်အိပ်သည့် အိပ်ခန်းအတွင်း
ဝင်ရောက်ရှာဖွေခဲ့ရာ 88 နှင့် 1 စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေး ပြား ၁၆
ပြား၊ မူးယစ်အနံ့ရရှိသည့် အပြာရောင်ပလပ်စတစ် အိတ်ခွံအပိုင်း ၄ ပိုင်း၊ ၎င်း၏အကျီအိတ်ကပ်အတွင်းမှ
မူးယစ်ဆေးဝါးရောင်းချရငွေ ၅၇,၀၀၀ိ/-၊ ၎င်းစီးနင်းသည့် YGN 9I/xxxx Honda Fit အနက်ရောင်မော်တော်ယာဉ်အတွင်းမှ
မူးယစ်ဆေးအနံ့ရရှိသည့် အ၀ါနုရောင် ပလပ်စတစ်အိတ်ခွံ ၁ လုံး၊
မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ခဲပြားဝိုင်း ၃ ခု၊ ငွေစက္ကူ ရောရာ ၁၉၄,၁၀၀ိ/-တို့အား သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးလက်ဝယ်ထားရှိ သုံးစွဲသူ နေလင်းအောင်အား
ချောက်မြို့မရဲစခန်း မယ (ပ) ၆/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော
ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ၁၅/၁၆(ဂ)/၂၀(က) အရအမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း
သတင်းရရှိသည်။
0 comments:
Post a Comment