Saturday, October 1, 2016

မကွေး ၊ အောက်တိုဘာလ ၁ ရက်

(၅၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲအား ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၅ နာရီအချိန်မှ ၆ နာရီ ၁၅ မိနစ်အချိန်အထိ မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲ ၀န်း အတွင်းရှိ အောင်ဓမ္မာရုံ၌ ရာဇမုနိကျောင်းတိုက် ဆရာတော် အမှူးပြုသော ပင့်သံဃာ (၅) ပါးအား ပင့်ဖိတ်၍ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် အရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင်နှင့် မိသားစုများမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ သံဃာတော် များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း ၊ အောင်မြေရတနာကျောင်းတိုက် ဆရာတော်မှ ရေစက်သွန်းချတရားတော်များချီးမြှင့်၍ အမျှပေးဝေခြင်း များ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်းနေ့ နံနက် ၉ နာရီအချိန်တွင် မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊ အထက (၁) လမ်းရှိ အဆင့်မြင့်မြို့တော် ခန်းမ၌ (၅၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား (ပထမပိုင်း) အား မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး နိုင်ဦးနှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူးကြီး လှသန်းနှင့် အရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာ အကြီးအကဲများ၊ ရဲဝန်ထမ်းဟောင်းများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့် ဂုဏ်ပြုဆုရရှိသူများ၊ စုစုပေါင်းအင်အား (၃၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး ၀န်ကြီးချုပ်မှ ရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့မိန့်ခွန်းပြောကြားခြင်းနှင့် မှုခင်းများ စွမ်းစွမ်းတမံဖော်ထုတ်ဆောင်ရွက်နိုင်ခဲ့ သည့် တပ်ဖွဲ့ဝင်များအား ဆုချီးမြင့်ခြင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ပြေး(၄)ပြေးအများဆုံး ဖမ်းဆီးနိုင်ခဲ့သည့် တပ်ဖွဲံ့ဝင်များအား ဆုချီးမြင့်ခြင်းများ ပြုလုပ်ခဲ့ပြီး နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် အခမ်းအနား (ပထမပိုင်း) အစီအစဉ်ရပ်နားပြီး တက်ရောက်လာသည့် ဧည့်သည်တော် များအား ကြာဇံဟင်းခါး၊ ကော်ဖီ ၊လက်ဖက်ရည် တို့ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

    အခမ်းအနား (ဒုတိယပိုင်း) အစီအစဉ်အား နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲချုပ် ဇော်ဝင်းမှ ပေးပို့သည့် (၅၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သ၀ဏ်လွှာအား မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်မှ ဖတ်ကြားခြင်း၊ ရဲတပ်သား အများဆုံးစုဆောင်းနိုင်မှု ဆုရမြို့နယ်များအား ဆုချီးမြှင့်ခြင်း၊ ဒုတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် အရာရှိကြီးများမှ ဆုရတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့အားကူညီသည့် အရပ်သားများအား ဆုချီးမြှင့်ခြင်း၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဇနီးနှင့် အရာရှိကြီးများ ၏ ဇနီးတို့မှ မိသားစုဝင်များအား ဆုချီးမြင့်ခြင်းဆောင်ရွက်ခဲ့ပြီး အခမ်းအနားအား နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။











0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video