နေပြည်တော်၊ နိုဝင်ဘာ ၂၀
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ တောင်တွင်းကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၂)ရပ်ကွက်နေ စောထီးမိုး(၃၆)နှစ်၏ "မျိုးမြင့်မြတ်" ဗွီဒီယိုခွေ အငှားဆိုင်တွင် တရားမဝင်ဆင်ဆာမဲ့ခွေများ ရောင်းချနေကြောင်း သတင်း အရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ ခွေကူးရာတွင်အသုံးပြုသော ASHS စာတမ်းပါ ခွေကူးစက်(၁)လုံး၊
ဆင်ဆာမဲ့မြန်မာ သီချင်းခွေ(၁၉၀၀)ချပ်၊ ဆင်ဆာမဲ့
နိုင်ငံခြားဇာတ်လမ်းခွေ(၄၃၀၀)ချပ်၊ စုစုပေါင်းတန်ဖိုး(၁၂၄၀၀၀၀)တို့အား
ရှာဖွေတွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် စောထီးမိုးအား
တောင်တွင်းကြီးမြို့မရဲစခန်း(ပ)၁၇၆၆/၂၀၁၆၊ ရုပ်မြင်သံကြားနှင့်
ဗွီဒီယိုဥပဒေပုဒ်မ ၃၂(ခ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment