Wednesday, September 28, 2016


မကွေး စက်တင်ဘာလ ၂၈ ရက်
        ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီအချိန်မှ ၁၀နာရီအချိန်အထိ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးဝန်းအတွင်း (၅၂)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုအောင်နှင့် အရာရှိ/အခြားအဆင့်တပ်ဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် တပ်ဖွဲ့ဝင်နှင့်မိသားစုဝင်များ စုစုပေါင်းအင်အား(၁၂၀)ဦးခန့် တက်ရောက်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်နှင့် ဒုတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး လှသန်းတို့မှ ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။






Sunday, September 18, 2016

မကွေး ၊ စက်တင်ဘာလ ၁၈ ရက်

(၅၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး   ၊ ပြည်သူ့ဆေးရုံကြီး၌ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီအချိန်မှ ၁၀ နာရီ  အချိန်အထိ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင် ဦးဆောင်သည့် မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အင်အား (၇၄) ဦးတို့မှ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။









Saturday, September 17, 2016

မကွေး ၊ စက်တင်ဘာလ ၁၇ ရက်

(၅၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ၊ အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ မကွေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး လှသန်း ဦးဆောင်သည့် တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးနှင့် မကွေးခရိုင်ရဲတပ်ဖွဲ့တို့မှတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မှုခင်း ရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၁၆၉) ဦးတို့မှ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီအချိန်မှ ၉ နာရီခွဲအချိန်အထိ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်းနှင့် သန့်ရှင်းရေး ပြု လုပ်ခြင်း တို့ဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ စု​ပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။















Tuesday, September 13, 2016



မကွေး ၊ စက်တင်ဘာလ ၁၃ ရက်
        ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီအချိန်မှ ၈ နာရီခွဲအချိန်ထိ သရက်ခရိုင်၊ ကံမမြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ ငါးထပ်ကြီးဘုရားရှေ့ပတ်ဝန်းကျင်အား ကံမမြို့မ ရဲစခန်းမှူးး ဒုရဲမှူးး သန်းဇော် ဦးစီးသည့် တပ်ဖွဲ့ဝင်(၁+၁၂)ဦးတို့မှ (၅၂) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နေ့အကြိုဆောင် ရွက်မှုအနေဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။





မကွေး ၊ စက်တင်ဘာလ ၁၃ ရက်

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မကွေးမြို့၊ ပြည်တော်သာ ရပ်ကွက်၊ အထက(၁)လမ်းရှိ အဆင့်မြင့်မြို့တော်ခန်းမတွင် စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဦးနှင့် အစိုးရအဖွဲ့ဝင်  ၀န်ကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်ချုပ်၊ ဥပဒေချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနှင့် အဖွဲ့ဝင် များ၊ မကွေးတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်နှင့်အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်၊ ဒုတိယတိုင်ဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် အရာရှိ/ အခြား အဆင့် ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနုဆိုင်ရာဝန်ထမ်းများ၊ ဆရာ/မများ၊ ဆုရကျောင်းသား/သူ များနှင့်၎င်းတို့၏ မိဘများ၊ စုစုပေါင်း အင်အား ၃၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အခမ်းအနားတွင် ၀န်ကြီးချုပ် ဒေါက်တာအာင်မိုးညိုမှအဖွင့်အမှာစကားပြောကြားခြင်း၊ မကွေးခရိုင်ဥပဒေအရာရှိ ဒေါ်ဆွေဆွေဦးမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးပြောကြားခြင်း၊ `လူကုန်ကူးမှုတိုက်ဖျက်ရေး၊ သင်လည်းပူးပေါင်းပါဝင်ပေး`` ခေါင်းစဉ် ဖြင့် ပိုစတာ၊ ပန်းချီ၊ ကာတွန်းနှင့် ကဗျာပြိုင်ပွဲဝင်ဆုရ ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်း၊ တက်ရောက်လာ သူများမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးလှုပ်ရှားဆောင်ရွက်မှုပြခန်း၊ မူးယစ်ဆေး ၀ါးတားဆီး ကာကွယ်ရေး အသိပညာပေးပြခန်း၊ ယာဉ်/လမ်းစည်းကမ်းအန္တရာယ်ကင်းဝေးစေရေး အသိပညာပေးပြခန်း များနှင့် ဆုရကျောင်းသား/သူများ၏ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကဗျာ၊ စာစီစာကုံးပြခန်းများအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၁၀၀ အချိန် အခမ်း အနားပြီးဆုံးခဲ့ကြောင်း သတင်း ရရှိသည်။ 
 
 





 








Friday, September 9, 2016

မကွေး ၊ စက်တင်ဘာလ ၉ ရက်

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှစ၍ မှုခင်းပညာပေးပြခန်းယာဉ် နှင့် လှည့်လည်ပညာပေးမှုများအား ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးဝင်း နှင့်တပ်ဖွဲ့ဝင်များမှ အမှတ် (၁၅) ရပ်ကွက်ရှိ ပခုက္ကူပညာရေးကောလိပ်ရှေ့တွင် ကျောင်းသား/သူ ၂၀၀ ဦးခန့် အား မှုခင်း အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

အဆိုပါနေရာသို့ မွန်းလွဲ ၃ နာရီ ၅ မိနစ်အချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေသည် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျှက်ရောက်ရှိလာပြီး မှုခင်း အသိပညာပေး ယာဉ်ဖြင့် ဟောပြောဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ၃ နာရီ ၁၅ မိနစ်အချိန်တွင် ပခုက္ကူအကျဉ်းဦးစီးဌာနသို့ ဆက်လက်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။ 
 







မကွေး ၊ စက်တင်ဘာလ ၉ ရက်
        ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ် အချိန် မှ ၁၀ နာရီ အချိန်ထိ ပခုက္ကူမြို့နယ်အစည်းအဝေးခန်းမတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်မှ ၀န်ဆောင်မှုကိုရှေးရှုသော ရဲလုပ်ငန်းစနစ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေး၊ လောင်း ကစားမှု ကင်းစင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ထပ်ဆင့်ချပြရှင်းလင်းပွဲ အခမ်းအနား ကျင်းပပြု လုပ်ခဲ့ကြောင်း သိရှိရသည်။
          အဆိုပါအခမ်းအနားသို့ ပခုက္ကူခရိုင်ရဲတပ်မှူး ဒုရဲမှူးကြီး လှဝင်းမှ ဦး/ရေ/ထောက်ဆိုင်ရာ ကိစ္စရပ် များအား power point ဖြင့်ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး အပါအ၀င် ခရိုင်/မြို့နယ်များမှ အရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၅၀ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 
    




Wednesday, September 7, 2016


မကွေး ၊ စက်တင်ဘာလ ၇ ရက်
        ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီ အချိန် မှ မွန်းလွဲ ၁ နာရီ အချိန်ထိ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲဗလအစည်းအဝေးခန်းမတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်မှ ၀န်ဆောင်မှုကိုရှေးရှုသော ရဲလုပ်ငန်းစနစ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်း ရေး၊ လောင်း ကစားမှု ကင်းစင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ထပ်ဆင့်ချပြရှင်းလင်းပွဲ အခမ်းအနား ကျင်းပပြု လုပ်ခဲ့ကြောင်း သိရှိရသည်။
          အဆိုပါအခမ်းအနားသို့ ခေတ္တ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲလွင်ဦး အပါအ၀င် ခရိုင်/မြို့နယ်များ မှ အရာရှိ တပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၄၀ဦး တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။





Monday, September 5, 2016

မကွေး ၊ စက်တင်ဘာလ ၅ ရက်

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် သရက်ခရိုင်၊ မင်းလှ မြို့နယ် ၊ သွေ့ကျောက်ကျေးရွာအုပ်စု၊ မကျီးကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ မသင်္ကာဖွယ်လူ (၈) ဦး အား တွေ့ရှိသဖြင့် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ထိန်းသိမ်းစစ်ဆေးမေးမြန်းလျှက်ရှိ ကြောင်း သတင်းအရ မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ထင်လင်းအောင် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင် များမှ သွားရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအား မေးမြန်းချက်အရ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ လုံးကျေးရွာနေ ချင်း လူမျိုး များဖြစ်သည့် သိန်းတင် (၄၈)နှစ်ပါ ၃ ဦးတို့မှ တစ်ရွာတည်းနေ ဘင်္ဂါလီလူမျိုးများဖြစ်သည့် ခင်မောင်လှ (၂၀)နှစ်ပါ (၅) ဦးတို့အား လုံးကျေးရွာမှ ရခိုင်ရိုးမတောင်တန်းရှိ တောလမ်းမှတစ်ဆင့် မြောက်ဦး မြို့ နယ် ၊ ပေပင်းရင်းကျေးရွာလမ်းအတိုင်း ခြေလျင်ခေါ်ဆောင်လာခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၅ ရက်နေ့တွင် ဘင်္ဂါလီလူမျိုးများအား ခေါ်ဆောင်လာသူ သိန်းတင် (၄၈)နှစ် ပါ ၃ ဦးတို့အား မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း (ပ) ၁၅၆/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၇ အရ အမှုရေးဖွင့်ပြီး အမှုစစ်ရဲအုပ် မြင့်ဇော်ဦးမှ စစ်ဆေးဆောင်ရွက်လျှက်ရှိပြီး တရားမ၀င် ၀င်ရောက်လာသော ဘင်္ဂါလီလူမျိုး ခင်မောင်လှ(၂၀)နှစ်ပါ (၅) ဦးနှင့်ပတ်သက်၍ အရေးယူ ဆောင်ရွက်နိုင်ရန် မင်းလှမြို့နယ် လ၀ကနှင့်   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျှက်ရှိပါကြောင်း သတင်းရရှိပါသည်။ 


Find Us on Facebook

Popular Posts

Video