Friday, September 9, 2016

မကွေး ၊ စက်တင်ဘာလ ၉ ရက်

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှစ၍ မှုခင်းပညာပေးပြခန်းယာဉ် နှင့် လှည့်လည်ပညာပေးမှုများအား ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးဝင်း နှင့်တပ်ဖွဲ့ဝင်များမှ အမှတ် (၁၅) ရပ်ကွက်ရှိ ပခုက္ကူပညာရေးကောလိပ်ရှေ့တွင် ကျောင်းသား/သူ ၂၀၀ ဦးခန့် အား မှုခင်း အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

အဆိုပါနေရာသို့ မွန်းလွဲ ၃ နာရီ ၅ မိနစ်အချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေသည် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျှက်ရောက်ရှိလာပြီး မှုခင်း အသိပညာပေး ယာဉ်ဖြင့် ဟောပြောဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ၃ နာရီ ၁၅ မိနစ်အချိန်တွင် ပခုက္ကူအကျဉ်းဦးစီးဌာနသို့ ဆက်လက်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။ 
 





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video