Tuesday, September 13, 2016

မကွေး ၊ စက်တင်ဘာလ ၁၃ ရက်

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မကွေးမြို့၊ ပြည်တော်သာ ရပ်ကွက်၊ အထက(၁)လမ်းရှိ အဆင့်မြင့်မြို့တော်ခန်းမတွင် စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဦးနှင့် အစိုးရအဖွဲ့ဝင်  ၀န်ကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်ချုပ်၊ ဥပဒေချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနှင့် အဖွဲ့ဝင် များ၊ မကွေးတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်နှင့်အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်၊ ဒုတိယတိုင်ဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် အရာရှိ/ အခြား အဆင့် ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနုဆိုင်ရာဝန်ထမ်းများ၊ ဆရာ/မများ၊ ဆုရကျောင်းသား/သူ များနှင့်၎င်းတို့၏ မိဘများ၊ စုစုပေါင်း အင်အား ၃၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အခမ်းအနားတွင် ၀န်ကြီးချုပ် ဒေါက်တာအာင်မိုးညိုမှအဖွင့်အမှာစကားပြောကြားခြင်း၊ မကွေးခရိုင်ဥပဒေအရာရှိ ဒေါ်ဆွေဆွေဦးမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးပြောကြားခြင်း၊ `လူကုန်ကူးမှုတိုက်ဖျက်ရေး၊ သင်လည်းပူးပေါင်းပါဝင်ပေး`` ခေါင်းစဉ် ဖြင့် ပိုစတာ၊ ပန်းချီ၊ ကာတွန်းနှင့် ကဗျာပြိုင်ပွဲဝင်ဆုရ ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်း၊ တက်ရောက်လာ သူများမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးလှုပ်ရှားဆောင်ရွက်မှုပြခန်း၊ မူးယစ်ဆေး ၀ါးတားဆီး ကာကွယ်ရေး အသိပညာပေးပြခန်း၊ ယာဉ်/လမ်းစည်းကမ်းအန္တရာယ်ကင်းဝေးစေရေး အသိပညာပေးပြခန်း များနှင့် ဆုရကျောင်းသား/သူများ၏ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကဗျာ၊ စာစီစာကုံးပြခန်းများအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၁၀၀ အချိန် အခမ်း အနားပြီးဆုံးခဲ့ကြောင်း သတင်း ရရှိသည်။ 
 
 





 








0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video