မကွေး ၊ စက်တင်ဘာလ ၁၇ ရက်
(၅၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ၊ အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ မကွေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး လှသန်း ဦးဆောင်သည့် တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးနှင့် မကွေးခရိုင်ရဲတပ်ဖွဲ့တို့မှတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မှုခင်း ရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၁၆၉) ဦးတို့မှ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီအချိန်မှ ၉ နာရီခွဲအချိန်အထိ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်းနှင့် သန့်ရှင်းရေး ပြု လုပ်ခြင်း တို့ဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment