မကွေး ၊ စက်တင်ဘာလ ၅ ရက်
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် သရက်ခရိုင်၊ မင်းလှ မြို့နယ် ၊ သွေ့ကျောက်ကျေးရွာအုပ်စု၊ မကျီးကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ မသင်္ကာဖွယ်လူ (၈) ဦး အား တွေ့ရှိသဖြင့် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ထိန်းသိမ်းစစ်ဆေးမေးမြန်းလျှက်ရှိ ကြောင်း သတင်းအရ မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ထင်လင်းအောင် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင် များမှ သွားရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးအား မေးမြန်းချက်အရ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ လုံးကျေးရွာနေ ချင်း လူမျိုး များဖြစ်သည့် သိန်းတင် (၄၈)နှစ်ပါ ၃ ဦးတို့မှ တစ်ရွာတည်းနေ ဘင်္ဂါလီလူမျိုးများဖြစ်သည့် ခင်မောင်လှ (၂၀)နှစ်ပါ (၅) ဦးတို့အား လုံးကျေးရွာမှ ရခိုင်ရိုးမတောင်တန်းရှိ တောလမ်းမှတစ်ဆင့် မြောက်ဦး မြို့ နယ် ၊ ပေပင်းရင်းကျေးရွာလမ်းအတိုင်း ခြေလျင်ခေါ်ဆောင်လာခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၅ ရက်နေ့တွင် ဘင်္ဂါလီလူမျိုးများအား ခေါ်ဆောင်လာသူ သိန်းတင် (၄၈)နှစ် ပါ ၃ ဦးတို့အား မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း (ပ) ၁၅၆/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၇ အရ အမှုရေးဖွင့်ပြီး အမှုစစ်ရဲအုပ် မြင့်ဇော်ဦးမှ စစ်ဆေးဆောင်ရွက်လျှက်ရှိပြီး တရားမ၀င် ၀င်ရောက်လာသော ဘင်္ဂါလီလူမျိုး ခင်မောင်လှ(၂၀)နှစ်ပါ (၅) ဦးနှင့်ပတ်သက်၍ အရေးယူ ဆောင်ရွက်နိုင်ရန် မင်းလှမြို့နယ် လ၀ကနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျှက်ရှိပါကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment