Monday, September 5, 2016

မကွေး ၊ စက်တင်ဘာလ ၅ ရက်

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီအချိန်မှ ၀၉၃၀ အချိန်ထိ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၊ ရဲအကူတပ်ဖွဲ့ခွဲဝန်းအတွင်းရှိ ရဲဇာနည်ခန်းမတွင် သင်တန်းသား အရာရှိ(၁၆)ဦး၊ အခြားအဆင့် (၁၉)ဦး၊ စာရေးဝန်ထမ်း (၁၅) ဦး၊ စုစုပေါင်း(၄၀)ဦးကို ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွင်ရက်တိုသင်တန်းအား စက်တင်ဘာလ ၅ ရက်နှေ့မှ ၉ ရက်နေ့အထိ (၄) ရက်ကြာ သင်တန်းပို့ချမည်ဖြစ်ပြီးဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက် များနှင့်အညီ ငွေစာရင်း ခေါင်းစဉ်အလိုက် စနစ်တကျတင်ပြတောင်းခံ သုံးစွဲတတ်စေရေးအတွက် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူး  ဒုရဲမှူးကြီး မင်းဟန်၊ ရဲအကူတပ်ဖွဲ့ခွဲမှူး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိကြီးများနှင့် ဌာနစိတ်တာဝန် ခံများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား အရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ စုစုပေါင်းအင်အား(၆၅)ဦး တက်ရောက်ခဲ့ပြီး ရဲမှူးကြီး ကိုကိုအောင်မှ သင်တန်း သားများအား ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်များနှင့်အညီ ငွေစာရင်း ခေါင်းစဉ် အလိုက် စနစ်တကျ တင်ပြတောင်းခံ သုံးစွဲတတ်စေရေးအတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း မှာကြားခြင်း ဆောင်ရွက်ခဲ့ပြီး သင်တန်းသားများအား နည်းပြများမှ သင်တန်း အချိန်ဇယား များနှင့်အညီ သင်တန်းပို့ချလျှက်ရှိကြောင်း သတင်းရရှိသည်။












0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video